
Has Fallen ရုပ်ရှင်ကား ၃ ကားရှိပြီး ၃ ကားလုံး ဇာတ်ကောင်တူ ဇာတ်လမ်းဆက်စပ်တာမလို့ တပြိုင်တည်းကြည့်လေမိုက်လေပါပဲ။ CM မှာ ၃ ကားစလုံးကို 4K Quality နဲ့တင်ဆက်ထားပါပြီ….ဒီမှာ https://www.channelmyanmar.to/?s=has+fallen ကြည့်လို့ရပါတယ်။ +++++++++++ Olympus Has Fallen (2013) IMDB: 6.5 / Rotten Tomatoes: 50% Genre: Action/Thriller Olympus Has Fallen (2013) ကတော့ Has Fallen ရဲ့ ပထမဆုံးဇာတ်ကားဖြစ်ပြီးတော့ အတော်လေးလည်းကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… မိုက်ခ်ဆိုတာကတော့ သမ္မတကြီးရဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။ ရာသီဉတုအရမ်းဆိုးတဲ့ညတစ်ညမှာ ပွဲတစ်ခုကိုလိုက်ပို့ရင်း ကံမကောင်းအကြောင်းမလှတော့ သမ္မတကတော်အသက်ဆုံးခဲ့ရပါတယ်။ အဲဒါကြောင့် မိုက်ခ်ဟာလည်း ရာထူးမှနှုတ်ထွက်ခဲ့ပြီး ဌာနတစ်ခုမှာအလုပ်ဝင်လုပ်နေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားသံအမတ် လီနဲ့သမ္မကြီးအက်ရှာတို့ဟာ မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားနယ်စပ်မှာ မြောက်ကိုရီးယားစစ်ရေးပြင်နေတာကိုတားဆီးမယ့်ကိစ္စကို အိမ်ဖြူတော်မှာဆွေးနွေးနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အမည်အသိ လေယာဉ်တစ်စင်းဟာ အမေရိကန်လေပိုင်နက်ထဲကိုရောက်လာခဲ့ပါတယ်။ အိမ်ဖြူတော်အတိုက်ခိုက်ခံလိုက်ရပါပြီ။ ကျန်တာတွေကတော့ ဆက်လက်ခံစားကြည့်လိုက်ကြပါ… မိုက်ခ်ဘန်းနင်းအဖြစ် မင်းသား Gerard Butler သမ္မတ အက်ရှာအဖြစ် မင်းသား Aaron Eckhart ယာယီသမ္မတအဖြစ် မင်းသားကြီး Morgan Freeman တို့မှ သရုပ်ဆောင်ထားပါတယ်။