
Oh My Ghost : The Finale (2024) The Final Oh My Ghost Oh My Ghost သရဲဟာသကားတွေရဲ့ နောက်ဆုံးအပိုင်းကို ရောက်ရှိလာပါပြီ။ ဒီကားထဲမှာတော့ Oh My Ghost ပင်တိုင်သရုပ်ဆောင်ဖြစ်တဲ့ Pancake နဲ့ Taew, Pancake, Panda နဲ့ Kouy တို့တသိုက် สัปะหยด (SaPaYod) ဆိုတဲ့ ထူးဆန်းတဲ့ရွာကိုခရီးထွက်ကြရင်းနဲ့ ဘယ်လိုအလွဲတွေဖြစ်ကြမလဲဆိုတာ ထိုင်ခွီရမှာပါ။ SaPaYod ရွာကြီးဟာ ခြောက်ခြားဖွယ်ရာ ထူးဆန်းတဲ့ရွာကြီးတစ်ရွာဖြစ်ပြီးတော့ ဒီရွာမှာ ဘာတွေဖြစ်ပျက်နေလဲ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေလဲ ဘာအခက်အခဲတွေရှိနေလဲဆိုတာ လူတွေက မသိကြပါဘူး… အဲ့လိုထူးဆန်းတဲ့ရွာကြီးနဲ့ ရိုးသားပွင့်လင်းတဲ့ ပန်ကိတ်တို့တသိုက် ထိပ်တိုက်တွေ့ကြပုံတွေကို ထိုင်းသရဲဟာသကားတွေ ပုံစံအတိုင်း ရိုက်ကူးထားပါတယ်။ ကံ ကံ၏အကျိုးနဲ့ တစ်ယောက်ကိုတစ်ယောက် အပြစ်မမြင်ကြဘဲ သည်းခံခွင့်လွှတ်ခြင်းဖြင့် ငြိမ်းချမ်းရာ၏ဆိုတဲ့ ဘာသာတရားရဲ့အဆုံးအမတွေကိုပါ တင်ပြထားပြီး ရိုးသားတဲ့ပန်ကိတ်တို့တသိုက် သူတိုကြုံတွေ့လာတဲ့အခက်အခဲတွေကို ဘယ်လို ဖြေရှင်းပြီး ဘယ်လိုရယ်ရမလဲဆိုတာ ရုပ်ရှင်ရုံမှာမကြည့်လိုက်ရသူတွေကြည့်ရှုလို့ရပါပြီနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Khint Htet Htet Zaw နဲ့ Lei Wutyi Tun မှ တင်ဆက်ထားပါတယ်။)