
Officer Down (2013) ================== ဒီ Officer Down ဇာတ်ကားကိုတော့ ဒါရိုက်တာ Brian A. Miller က တည်းဖြတ်ထားတဲ့ သဲထိပ်ရင်ဖို အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ “ကယ်လာဟမ်” လို့ခေါ်တဲ့ စုံထောက်တစ်ယောက်အပေါ် ဇာတ်အိမ်တည်ထားတာဖြစ်ပြီး သူ့ရဲ့ မတူညီတဲ့ဘဝနှစ်ခုအကြောင်းကို ပြန်လည်သရုပ်ဖော်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းနောက်ခံ—– ကယ်လာဟမ်ဆိုတဲ့ဆိုထောက်တစ်ယောက်ဟာ အလက်ဇန္ဒားဆိုတဲ့ အမျိုးသမီးနဲ့ အိမ်ထောင်ပြုထားပြီး လာနာလို့ခေါ်တဲ့ သမီးတစ်ယောက်ထွန်းကားထားပါတယ်။ စုံထောက်တစ်ယောက်ဆိုပေမယ့်လို့ ကယ်လ်ဟာ ကျင့်ပျက်ခြစားတဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ သူဟာ မူးယစ်ဆေးနဲ့ အရက်သေစာကို စွဲလမ်းနေတဲ့အပြင် ဖော်ချွတ်ကလပ်မှာပါ ရမ္မက်ဖြေလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ ကယ်လ်ဟာ ဆေးရောင်းဝယ်ရေးသမား တစ်ယောက်ကိုစစ်ဆေးရင်း သေနတ်နဲ့ပစ်ခံပြီး သေလုဆဲဆဲဖြစ်သွားပါတယ်။ ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ အရေးပေါ်အခြေကနေလွတ်ခဲ့ပြီး အတော်အတန်မေ့မျောပြီးတဲ့နောက် သတိပြန်ရလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကယ်လ်ဟာ သူ့ရဲ့အတိတ်ကဆိုးသွမ်းမှုတွေကို သတိမရခဲ့ပါဘူး။ ဒါပေမဲ့ သူပြန်ကြားရတဲ့အရ သူအသက်ရှင်သွားခဲ့ရတာဟာ သူအပစ်ခံလိုက်တဲ့အချိန်တုန်းက အရေးပေါ်ကယ်ဆယ်ရေးကို ကယ်ဖို့ခေါ်ခဲ့တဲ့လူတစ်ယောက်ရှိတယ်ဆိုတာကို သိလိုက်ရပါတယ်။ ကယ်လ်ကို ကယ်ခဲ့တဲ့သူဟာ ဘယ်သူဖြစ်မလဲ၊ ကယ်သေနတ်နဲ့ပစ်ခံခဲ့ရတဲ့နောက်ကွယ်မှာ မစဉ်းစားနိုင်လောက်အောင်ကြီးမားတဲ့ ဒုစရိုက်မှုတွေရှိနေမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ ) File size_(1.4GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:38:00 Genre_Action, Crime Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark