
Officer Black Belt (2024) ************************* ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတွေ အသည်းစွဲ မင်းသား Kim Woo Bin ပါဝင်ထားတဲ့ အက်ရှင်ဟာသ ရုပ်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဒီဇာတ်ကားလေးထဲမှာတော့ မင်းသား Kim Woo Bin နဲ့အတူ Moving, 12.12: The Day ထဲမှ Kim Sung Kyun၊ Vigilante ထဲမှ Lee Hae-young တို့အပြင် Kim Yo Han, Son Sang Yeon စတဲ့ ပရိသတ်ကြီးတွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဇာတ်ပို့ဇာတ်ရန်များစွာ ပါဝင်သရုပ်ဆောင်ထားတာမလို့ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ movie လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း- Lee Jung-Do (Kim Woo-Bin) ဟာဆိုရင်တော့ အင်တာနက်ကဖေးမှာ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက် အရက်အတူတူသောက်လိုက်နဲ့ ပေါ့ပေါ့ပါးပါး အချိန်ကုန်ဆုံးတတ်တဲ့ သာမန်လူငယ်လေးတစ်ယောက်ပဲဖြစ်ပေမဲ့လည်း တိုက်ကွမ်ဒို၊ ကင်ဒိုနဲ့ ဂျူဒို စတဲ့ ကိုယ်ခံပညာမှာတော့ အမြင့်ဆုံးအဆင့်ရှိတဲ့သူပေါ့။ တစ်နေ့မှာတော့ Jung-Do က လျှပ်စစ်ခြေချင်းဝတ်ဆင်ထားတဲ့ ခံဝန်ချုပ်နဲ့နေနေတဲ့ လူတစ်ယောက်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတဲ့ ကိုယ်ခံပညာအရာရှိတစ်ဦးကို တွေ့ပြီး ကယ်တင်ပေးရာကနေ Jung-Do တစ်ယောက် ထိုဒဏ်ရာရသွားတဲ့ အရာရှိရဲ့ နေရာမှာ ၅ ပတ်တာ အစားထိုးတာဝန်ယူပေးဖို့ ဖြစ်လာပြီး ခံဝန်ချုပ်ဖြင့်လွှတ်ထားတဲ့သူတွေရဲ့ အကြမ်းဖက်ပြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ စောင့်ကြည့်ရေးအရာရှိ Kim Sun-Min (Kim Sung-Kyun)နဲ့ အတူ အလုပ်တွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒီလို သူတို့နှစ်ယောက်အတူပေါင်းပြီး အကြမ်းဖက်ပြစ်မှုတွေကို ဘယ်လိုနှိမ်နင်းဖြေရှင်းသွားမလဲ.. ပေါ့ပေါ့ပါးပါးနေလာတဲ့ Jung-Do အတွက် တာဝန်ပေးခံလိုက်ရပြီး ဘယ်လိုတွေပြောင်းလဲသွားမလဲ.. ဆိုတာတွေကို ဟာသအက်ရှင်ကားပီပီ ရယ်ရယ်မောမောနဲ့ ကြည့်ရှုရဦးမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို May Thet မှ ရေးသားပေးထားပါတယ်။) File size…2.45GB / 740MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Comedy, Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri, May Thet, Yati, Treasure Htet, Zuri Theint & Licien
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 740MB | Download | |
| 720p | 740MB | Download | |
| 720p | 740MB | Download | |
| 720p | 740MB | Download | |
| 720p | 740MB | Download | |
| 720p | 740MB | Download | |
| 1080p | 2.45GB | Download | |
| 1080p | 2.45GB | Download | |
| 1080p | 2.45GB | Download | |
| 1080p | 2.45GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.0 / 10
Director