
O Saathiya (2023) IMDb 7.1/10 ကိုယ့်ဘက်က မေတ္တာအစစ်ပေးတိုင်း မေတ္တာအစစ်ပြန်ရမယ်လို့ထင်နေရင်တော့ လူကြီးမင်းတို့ ဒီကားကြည့်သင့်ပါတယ် စလာလာချင်းမှာကို ကိုယ့်ရဲ့အချစ်ဆုံးလေးက မင်္ဂလာဆောင်ဖိတ်စာမှာ ကိုယ်မဟုတ်တဲ့တခြားယောကျာ်းတစ်ယောက်နာမည်နဲ့ လာဖိတ်ပြီး သူများနဲ့ညားတဲ့ငါ့ရည်းစားဇာတ်ကို အခင်းခံလိုက်ရတဲ့ အာဂျွန်... ဘဝမှာတစ်ချို့အမှားတွေက ပြန်ပြင်လို့မရသလို ရှေ့ဆက်တိုးဖို့လေးလံလာတဲ့အခါ လူတွေကြုံတွေ့ရမဲ့ ခံစားချက် ဆုံးဖြတ်ချက်တွေ နာကြည်းမှု နားလည်မှုတွေကို.. ဒီကားကြည့်ရင်း အတွေးတစ်ခုခုကျန်ခဲ့နိုင်တဲ့အထိ ဆွဲခေါ်သွားနိုင်ပါကြောင်း.. အာဂျွန်- ငါ နင့်ကိုစတွေ့ခဲ့တာ ကျောင်းအုပ်ကြီးရုံးခန်းမှာ ငါတို့အတန်းသားအချင်းချင်း စကားများကြလို့ ခေါ်ငေါက်နေတဲ့အချိန်လေ။ မြင်မြင်ချင်းအချစ်ရဲ့နောက်မှာ သံယောဇဉ်တွေ တစ်ရစ်ချင်း တိုးလို့ချည်နှောင်ရင်း နင့်ကိုချစ်ရေးဆိုဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ ကံတရားရဲ့ မျက်နှာသာမပေးမှုတွေနဲ့ ငါအကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရတယ်.. ဒါပေမဲ့ ငါလက်မလျော့ဘဲ မင်းဆီကအချစ်ကပြန်ရဖို့ ကြိုးစားနေတုန်းမှာ ငါမဟုတ်တဲ့ သတို့သားနာမည်နဲ့ နင့်ရဲ့မင်္ဂလာဆောင်ဖိတ်စာကို မြင်လိုက်ရတဲ့အခိုက်မှာ ငါ့ကမ္ဘာတစ်ခုလုံးပြိုလဲခဲ့ပါတယ် ချစ်ရသူရယ်.. နင်က ငါ့ရဲ့ပထမဆုံးနဲ့ ထာ၀ရတည်ရှိနေမဲ့ တစ်ဦးတည်းသောချစ်သူလေးပါပဲ။ သိပ်ချစ်ကြတဲ့ သူတို့တွေ ဘယ်ဘူတာမှာလွဲခဲ့တာလဲ ပြန်လည်ဆုံစည်းနိုင်ကြမလားဆိုတာကတော့.. ရုပ်ရှင်အစမှာတင် ဆွေးရတာကို ပြထားပေမဲ့ ကြည်နူးရတဲ့အချိန်မှာ ဆွေးရမှာကိုပါ မေ့သွားစေမယ့် တေလေဂူး အချစ်အလွမ်းရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ် ကြည်နူး လွမ်းဆွေးပေးကြပါဦး (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ V~Zwe Yan~Yunni~BpL~Cherry တို့မှ ခံစားသက်ဝင်ရေးသားထားပါတယ်) File size…2.4GB / 1.3GB Quality…1080p WEB DL /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe Yan~Yunni~BpL~Cherry
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |