
ဇာတ်လမ်းအကျဉ်းကတော့ သရုပ်ဆောင်ဟောင်းတစ်ယောက်ဖြစ်တဲ့ အန်ဒီ (Michael Zegen)ဟာ မအောင်မြင်လှတဲ့ အိမ်၊ ခြံ၊ မြေပွဲစားအဖြစ် ရုန်းကန်နေရသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အိမ်လခကြွေးကျန်တွေကြောင့် အိမ်ပိုင်ရှင်က အန်ဒီ့ကို နှင်ချနေစဉ်မှာပဲ သူ့ရဲ့ ၁၀နှစ်အရွယ် သမီးဖြစ်သူ အန်နာ (Kasey Bella Suarez)က တိုက်တိုက်ဆိုင်ဆိုင် ရောက်လာပါတယ်။ သမီးလေးမျက်နှာကြောင့် အိမ်ပိုင်ရှင်က အန်ဒီ့ကို ညနေမတိုင်ခင် ကြွေးတွေလာဆပ်ခိုင်းပြီး မဆပ်နိုင်ရင် နှင်ချရတော့မှာဖြစ်ကြောင်း ပြောသွားပါတယ်။ အိမ်ပေါ်က နှင်အချမခံရရေးအတွက် ငွေလိုနေတဲ့ အန်ဒီ ဟာ သမီးလေးအန်နာနဲ့အတူ ခက်ခဲကြပ်တည်းပြီး စရိတ်ကြီးမားလှတဲ့ နယူးယောက်ရဲ့ အိမ်အဌားစျေးကွက်အတွင်း အိမ်အဌားစာချုပ်တစ်ခုရအောင် ချုပ်ပြီး ငွေဖော်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းရပါတော့တယ်။ သရုပ်ဆောင်များအဖြစ် Michael Zegen နဲ့ Kasey Bella Suarez တို့က အဓိက ပါဝင်ထားပြီး Isabel Arraiza, Michael Angelo Covino, Eric Berryman, Robert Klein, Nell Verlaque, Rose Jackson-Smith စသူတို့က အားဖြည့်ပါဝင်ပါတယ်။ ဇာတ်ညွန်း၊ ဒါရိုက်တာ၊ ထုတ်လုပ်သူကတော့ Simon Hacker ဖြစ်ပြီး သူ့ရဲ့ ဒါရိုက်တာ ပွဲဦးထွက်ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကျော် စတူဒီယိုကြီးတွေက ထုတ်လုပ်တာမဟုတ်တဲ့အတွက် ဘတ်ဂျက်ကျဉ်းကျဉ်းပဲ သုံးထားတာဖြစ်ပေမယ့် လက်ဖျားခါရလောက်အောင် လက်ရာမြောက်တဲ့ဇာတ်ကားဖြစ်ကြောင်း အသိပေးရင်း ပရိသတ်ကြီးကိုလည်း အန်ဒီတို့ သားအဖနဲ့အတူ အိမ်ဌားရှာထွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size…(400 MB) Quality…. 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 440 MB | Download | |
| 720p | 440 MB | Download | |
| 720p | 440 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director