
ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ကျောင်းသားဇာတ်လမ်းတစ်ပုဒ်ပါ။ Romance ကိုယုံကြည်တဲ့ စိတ်ပညာကျောင်းသူ မစ်ကီနဲ့ Romance ဆိုတာ အရေးမပါဘူးလို့ လက်ခံထားတဲ့ ကျောင်းသားနိုအာတို့ တွေ့ဆုံရာကနေ စကားရည်လုပွဲလုပ်ရတဲ့ထိရောက်သွားတဲ့အကြောင်းပေါ့။ ဖခင် ကင်ဆာနဲ့ဆုံးသွားပြီးတော့ မစ်ကီက မိခင်နဲ့အတူ နေလာပြီး မစ်ကီ့မိခင်ကလည်း မစ်ကီတက်တဲ့တက္ကသိုလ်မှာ ကျောင်းပြန်တက်ပါတယ်။ မစ်ကီကတော့ ကျောင်းက သတင်းစာကော်လံမှာ ဂျူးလိယက်ဆိုတဲ့ ကလောင်နာမည်နဲ့ Romance အကြောင်း အပတ်စဉ်ရေးပါတယ်။ ဂျူးလိယက်က မစ်ကီဆိုတာ သူ့အမေနဲ့ အချစ်ဆုံးသူငယ်ချင်းကလွဲလို့ ဘယ်သူမှမသိပါဘူး။ စင်တာမှာ နိုအာနဲ့ပထမဆုံး တွေ့ပြီး ရင်းနှီးသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ မစ်ကီ ရေးတဲ့ Romance ဆောင်းပါးကို Not your Romeo ဆိုတဲ့ကလောင်နာမည်နဲ့ တိုက်ခိုက်တဲ့သူပေါ်လာပါတယ်။ မစ်ကီကလည်းစိတ်ဆိုးပြီး ပြန်တိုက်ခိုက်တဲ့အနေနဲ့ ရေးပါတယ်။ ပြီးတော့ မစ်ကီနဲ့နိုအာက ပညာသင်ဆုအတွက် ဆန်ကာတင်၂ယောက်ဖြစ်နေတဲ့အခါ နိုအာက ဂျူးလိယက်က မစ်ကီဆိုတာသိသွားပါတယ်။ ကျောင်းကလည်း ပညာသင်ဆုအတွက်ရွေးဖို့ မစ်ကီတို့၂ယောက်ကို စကားရည်လုပွဲလုပ်ပေးတဲ့အခါ နိုအာက ပြသာနာမကြီးချင်လို့ သူ့အခန်းဖော် ဟျူဂိုကို ဟန်ဆောင်ခိုင်းပါတယ်။ ဒါပေမဲ့ အစမ်းပြောကြရင်း ပြသာနာပိုကြီးသွားပြီး ဟျူဂိုက ဟန်ဆောင်တာပါ သိသွားတဲ့အခါ မစ်ကီတို့၂ယောက်ဆက်ဆံရေးက ပိုဆိုးသွားပြီး တွေ့တာနဲ့ စကားနိုင်လု ရန်ဖြစ်ကြပါတော့တယ်။ မစ်ကီ ယုံကြည်ထားတဲ့ Romance ဆိုတာတကယ်ပဲ အရေးမပါဘူးလား... အချစ်က လက်တွေ့ဘ၀မှာ ဘယ်လိုအဓိပ္ပါယ်မျိုးလဲ... သဘောထားမတိုက်ဆိုင်တဲ့ သူတို့၂ယောက် နောက်ဆုံး ဘယ်လိုအဆုံးသတ်မလဲဆိုတာကတော့ ဇာတ်လမ်းကိုအားပေးရင်း တွေးကြည့်ကြပါ။ မစ်ကီ့အမေက ကျောင်းသူဖြစ်နေတာကို ဖုံးချင်တဲ့အတွက် ပါမောက္ခကို ပညာရေးအကဲဖြတ်သူအနေနဲ့ ညာထားတာမို့ အလွဲလေးတွေကိုပါ ဟာသဆန်ဆန်ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 810MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 10Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |