
ဇာတ်ကားနာမည်ကို မြင်ပြီး ကိုရီးယားက နူနားတွေလို့ မထင်လိုက်ပါနဲ့ဦး။ Nonnaဆိုတာ အီတလီလို အဘွားလို့ ခေါ်တာပါ။ ဂျိုးဟာ ငယ်စဉ်ကတည်း အမေနဲ့ အဘွားတို့နဲ့ ကြီးပြင်း လာခဲ့ရပြီး အမေနဲ့ အဘွားတို့ ချက်ကျွေးတဲ့ အီတလီ ဟင်းလျာတွေဟာ သူ့ရဲ့ soul food တွေဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အသက်တွေကြီးလာပြီး ဂျိုးရဲ့အမေဆုံးသွားချိန်မှာ ဂျိုးဟာ အမေ့ရဲ့ အသက်အာမခံပိုက်ဆံတွေကို အရင်းပြုပြီး အီတလီစားသောက်ဆိုင်တစ်ခု ဖွင့်ဖို့ကြိုးစားခဲ့ပါတယ်။ သူဖွင့်ချင်တာ သာမန်စားသောက်ဆိုင်မျိုးမဟုတ်ဘဲ အီတလီအဘွားတွေကိုယ်တိုင်ချက်ပြုတ်ပေးတဲ့ မိသားစု ဆန်ဆန်စားသောက်ဆိုင်လေးတစ်ခုပါ။ သူ့ရဲ့ရည်ရွယ်ချက်က အကြောင်းအမျိုးမျိုးကြောင့် ချစ်ရတဲ့ မိသားစုဝင်တွေအနားမှာမရှိကြတော့တဲ့ သူတွေအတွက် မိသားစုအရသာ၊ အမေ့လက်ရာ၊ အဘွားလက်ရာကို ပေးစွမ်းနိုင်မဲ့ စားသောက်ဆိုင် တစ်ခုဖြစ်စေဖို့ပါပဲ။ ဒီလိုနဲ့ နီးစပ်ရာ အီတလီ အဘွားတွေနဲ့အတူ အန်နိုတက် ကာမာရီယာဆိုတဲ့ စားသောက်ဆိုင်လေးကို စတင်ဖွင့်လှစ် ခဲ့ပုံအကြောင်းရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာ ဖြစ်ပြီး နှလုံးသားကိုပါ နွေးထွေးတဲ့ ခံစားချက်လေးတစ်ခု ပေးစွမ်းနိုင်တာမလို့ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားဖြစ်တယ်လို့ ညွှန်းလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်လေးကိုကြည့်ပြီးရင်တော့ အမေ့လက်ရာ အဘွားလက်ရာ အစားအစာတွေကို တောင့်တမိမှာ အသေအချာပါပဲ။ File size… (1.18GB) / ( 730 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 51m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.18GB | Download | |
| 1080p | 1.18GB | Download | |
| 1080p | 1.18GB | Download | |
| 1080p | 1.18GB | Download | |
| 720p | 730 MB | Download | |
| 720p | 730 MB | Download | |
| 720p | 730 MB | Download | |
| 720p | 730 MB | Download | |
| 720p | 730 MB | Download |