
No more chance, my dear Ex (2022) နောင်တဆိုတာ အချိန်လွန်မှ ရတတ်တာမျိုးပါ။ နောင်တတွေ ရနေပြီဆိုရင်တော့ ကိုယ်လျှောက်ခဲ့ဖူးတဲ့လမ်းပေါ်ကို တည့်တည့်မတ်မတ် ပြန်လျှောက်ဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ အချစ်ဆိုတဲ့ လမ်းကလေးမှာလည်း အသွားမတော် တစ်လှမ်း ဖြစ်လို့ကတော့ နောက်ပြန်လှည့်ဖိုရာ မဖြစ်နိုင်တော့ပါဘူး။ အချစ်ဆိုတဲ့ ခရီးလမ်းမှာ အကြုံရဆုံး ခလုတ်ကန်သင်းကတော့ ဒုတိယလူ ပေါ်လာတာပါပဲ။ ဒုတိယလူနောက်ကို ကိုယ့်စိတ်ကလေး တိမ်းသွားရင် အချစ်ရေးမှာ အရာရာ မချောမွေ့တော့ပါဘူး။ ကိုယ့်လူတွေကလည်း အထိအတွေ့တို့၊ နားလည်ပေးမှုတို့၊ ဂရုစိုက်ပေးမှုတို့ ပေးလိုက်တာနဲ့ ခဏတဖြုတ်တော့ ဆားတို့ပေးလိုက်တဲ့ တီကောင်လို တွန့်လိမ်တွန့်လိမ်ဖြစ်သွားတာပဲမလား? တွန့်လိမ်တွန့်လိမ် ဖြစ်နေကြတဲ့ ညိုကီတို့ နဲ့ စနိုက်ဆီကနေ စစ်ကြေငြာခံနေရတဲ့ မမတို့အတွက်တော့ ကြည့်ကိုကြည့်သင့်တဲ့ကားလေးပါဗျ။ ဇာတ်လမ်းကတော့ ….. ၅ နျစ်ကျော် ချစ်သူ သက်တမ်းရှိပြီ ဖြစ်တဲ့ အလုပ်ကြမ်းပိုး ကျီစန်း နဲ့ ကလေးဆန်လွန်းတဲ့ ကျားမင်တို့ အကြောင်းပါပဲ။ ကျားမင်တစ်ယောက် အိမ်မက်ကိုအကောင်အထည်ဖော်ဖို့ ပေကျင်းရောက်သွားတာကနေ ဇာတ်လမ်းကစတော့တာပဲ။ ရိုးသားကြိုးစားပြီး အနေတည်လွန်းတော့ ပေကျင်းမှာစန်းပွင့်နေတဲ့ ကျားမင် နဲ့ သွေးအေးတဲ့ဒဏ်ကိုမခံနိုင်လို့ ပေကျင်းကိုလိုက်လာတဲ့ ကျီစန်း သူတို့ကြားမှာ ပေါ်လာတဲ့ ဒုတိယလူ …. ဒီ ၃ ယောက်ရဲ့ အချစ်တြိဂံပုစ္ဆာကို ဘယ်လိုမျိုးအဖြေရှာကြမလဲ၊ အချစ်ဆိုတာကို သူတို့တွေ ဘယ်လိုမျိုးလက်ခံထားကြလဲ စတာတွေကို လောင်မြိုက်ရင်းနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဒီပုစ္ဆာရဲ့အဖြေကိုတော့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာကြည့်လိုက်ကြပါ။ “ယုံကြည်မှု” ဆိုတာ ဒီကမ္ဘာပေါ်မှာပြန်ဖာထေးလို့မရတဲ့ တစ်ခုတည်းသောအရာမို့ တွဲသောလက်တိုင်း မြဲကြပါစေ။ LDRS စုံတွဲတိုင်း အချစ်စစ်ကိုနားလည်ပြီး တန်ဖိုးထားနိုင်ကြပါစေဗျာ ။ ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size…1.1GB | 541MB | 252MB Format… mp4 Duration…. 1h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JoJoVa Encoder ….. August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.1GB | Download | |
| 1080P | 1.1GB | Download | |
| 1080P | 1.1GB | Download | |
| 1080P | 1.1GB | Download | |
| 720P | 541MB | Download | |
| 720P | 541MB | Download | |
| 720P | 541MB | Download | |
| 720P | 541MB | Download | |
| 720P | 541MB | Download | |
| 480P | 252MB | Download | |
| 480P | 252MB | Download | |
| 480P | 252MB | Download | |
| 480P | 252MB | Download | |
| 480P | 252MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.5 / 10
Director