
Nizharkudai (2025) “မေတ္တာရိပ်” အခုတစ်ခါမှာ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် တမီလ်စကားပြော ဒရာမာဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ လန်ဆီနဲ့နီရမ်ဂျာတို့ဟာ ဘာသာချင်းမတူပေမဲ့ မိသားစုဆွေမျိုးတွေကို ဆန့်ကျင်ပြီး အိမ်ထောင်ပြုခဲ့ကြတဲ့ လူငယ်ဇနီးမောင်နှံပါ။ သူတို့မှာ သမီးလေးတစ်ယောက်ရှိပြီး မိသားစုလိုက် အမေရိကမှာအခြေချဖို့ ကြိုးစားနေကြသူတွေပေါ့။ နှစ်ယောက်လုံးက အလုပ်အကိုင်တွေနဲ့မို့ သူတို့အလုပ်သွားချိန်ဆို သမီးဖြစ်သူကို ကလေးထိန်းနဲ့ ထားခဲ့ရပါတယ်။ အဲဒီကလေးထိန်းမိန်းကလေးဟာ လန်ဆီတို့လင်မယား အလုပ်သွားပြီဆိုတာနဲ့ ကလေးကို အိပ်ဆေးတိုက်၊ ရည်းစားကို အိမ်ပေါ်ခေါ်ပြီး နေ့တိုင်း သာယာဇိမ်ကျနေပါတယ်။ တစ်နေ့တော့ ပြဿနာတစ်ခုတက်ရာက အဲဒီအကြောင်း လန်ဆီတို့လင်မယားသိသွားပြီး ကလေးထိန်းဖို့ လူထပ်ရှာရပါတယ်။ အဲဒီအချိန်မှာပဲ လန်ဆီတို့သမီးလေးအတွက် ဂျိုသီဆိုတဲ့ မေတ္တာရှင်အမျိုးသမီးနဲ့ တွေ့ဆုံရဖို့ အကြောင်းဖန်လာပါတော့တယ်။ ခင်ရာဆွေမျိုးဆိုတဲ့အတိုင်း တကယ်စေတနာ မေတ္တာထားသူနဲ့ကြုံဆုံရတဲ့ သူစိမ်းတွေဖြစ်ပေမဲ့ သံယောဇဉ်တွေ နှောင်တွယ်မိကြပါတယ်။ ဒီလိုနဲ့ အမေရိကအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့ လန်ဆီတို့လင်မယား၊ သံယောဇဉ်နှောင်တွယ်နေကြပြီဖြစ်တဲ့ သူတို့သမီးလေးနီလာနဲ့ ဂျိုသီတို့ကြား ရှေ့ဆက်ဘယ်လိုတွေဖြစ်လာမလဲ၊ ဘာတွေကြုံတွေ့ရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 1080p | 1.8 GB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download | |
| 720p | 900 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.9 / 10
Director