
Nix ဆိုတာ ဂျာမန်ဒဏ္ဍာရီလာအရဆိုရင်တော့ ပုံစံအမျိုးမျိုးပြောင်းနိုင်တဲ့ ရေနေဝိညာဉ်တစ်မျိုးပါ။ စကားအရတော့ nothing ဆိုတဲ့အဓိပ္ပါယ်မျိုး ဖြစ်ပါတယ်။ အဲဒီ Nix နဲ့ ဒီဇာတ်လမ်းက ဘယ်လိုများပတ်သက်နေမလဲ... ကွိုင်ရ်မိသားစုဟာ ပျော်စရာကောင်းတဲ့မိသားစုလေးဖြစ်ပြီး ဂျက်ခ်၊ လူးကပ်စ်နဲ့ တက်ဆာဆိုတဲ့မောင်နှမ ၃ ယောက်ရှိပါတယ်။ တစ်နေ့မှာ ရေကန်ကြီးတစ်ခုနားကို ပျော်ပွဲစားထွက်ကြတဲ့အခါ မထင်မှတ်တဲ့ကံကြမ္မာဆိုးက သူတို့မိသားစုကို ရိုက်ခတ်သွားပါတော့တယ်။ အဲဒီကံကြမ္မာဆိုးဟာ မိသားစု၀င်တချို့ကို ခေါ်ဆောင်သွားခဲ့ရုံမက ကျန်ရစ်ခဲ့တဲ့ သူတွေကိုပါ အလွတ်မပေးဘဲ အမြဲခြောက်ခြားနေစေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ပျော်စရာပျောက်ဆုံးသွားတဲ့ မိသားစုကြီးကို ဦးဆောင်နေရသူကတော့ သားအကြီးဆုံး ဂျက်ခ်ပါ။ မိသားစုကိုရော ညီဖြစ်သူရဲ့သမီးငယ်ဇိုဝီကိုပါ စောင့်ရှောက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူတို့မိသားစုရဲ့အရိပ်ဆိုးကြီးဟာ ဇိုဝီ့နောက်ကိုပါ လိုက်လာခဲ့ပါတယ်။ အဲဒီအခါ ဂျက်ခ်တစ်ယောက် တူမဖြစ်သူကိုကယ်တင်ဖို့ကြိုးစားရင်း မိသားစုကို ဒုက္ခပေးနေတဲ့အရာကြီးနဲ့ ရင်ဆိုင်တိုးရတဲ့အခါ.... ဒီတစ်ကြိမ်မှာရော မိသားစုကို ကယ်တင်နိုင်ပါ့မလား၊ ဘယ်လိုအရာမျိုးတွေနဲ့ရင်ဆိုင် ရမလဲ၊ ဒီကားထဲမှာ Nix ဟာ ဘာကို ဆိုလိုသလဲဆိုတာကို စိတ်၀င်စားစရာကြည့်ကြ ရမှာပါ။ တကယ့်မကောင်းဆိုးဝါးနဲ့ လူ့စိတ်အတွင်းက မကောင်းဆိုးဝါးကိုပါ နှိုင်းယှဉ် ပြထားတဲ့ Horror ဇာတ်လမ်းတစ်ပုဒ်မို့ မလွတ်တမ်းကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.6 GB) / (650 MB) / (400 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......C'mon Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6 GB | Download | |
| 720p | 650 MB | Download | |
| 1080p | 1.6 GB | Download | |
| 720p | 650 MB | Download |