
Nikamma (2022) (မရီးဇိုးလေး အာဗ်နီ) ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဖိုက်တင်ခန်းလေးတွေပါမယ့် ဟာသဒရာမာကားလေးတစ်ကားပဲ ဖြစ်ပါတယ် ” တစ်ခုခုကို ကြားမိ မြင်မိပြီးတာနဲ့ ဘယ်တော့မှမေ့မသွားမဲ့မှတ်ဉာဏ်မျိုးပိုင်ဆိုင်ထားတဲ့ အာဒီ.. မိဘတွေဆုံးသွားပြီးနောက်ပိုင်း အဖေလိုတစ်မျိုး အမေလိုတစ်မျိုး စောင့်ရှောက်ပေးခဲ့တဲ့အပြင် သူငယ်ချင်းပေါင်းပေါင်းခဲ့တဲ့ အစ်ကိုကြီးရာမာန် အရမ်းချစ်ကြတဲ့ အာဒီတို့ ညီအစ်ကိုကြားထဲကို ဝင်ရောက်လာသူ အာဒီရဲ့မရီး အာဗ်နီ။ အရမ်းလည်း လှသလို ရဲတစ်ယောက်ဖြစ်လို့ စည်းကမ်းလည်း ကြီးတဲ့အတွက် အာဒီကတော့ မရီးဖြစ်သူကို “ကမ္ဘာမှာ အလှဆုံးနတ်ဆိုး” လို့တောင် သတ်မှတ်ထားသူ။ သူတို့ ညီအစ်ကို နှစ်ယောက်ဘဝထဲကို မရီးဖြစ်သူ ဝင်လာပြီးနောက်ပိုင်း အာဒီတစ်ယောက် ဦးလေးရဲ့ အိမ်ကို ပြောင်းပြီး နေခဲ့ပါတော့တယ်။ ဒီလိုနဲ့တစ်နေ့ အာဒီရော မရီးရဲမေဖြစ်သူကပါ ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ ဂန်းစတားတစ်ယောက်ကိုမှ ၂ယောက်စလုံးသွားပတ်သက်မိပြီး အစ်ကိုဖြစ်သူပါ အသက်အန္တရာယ်ကြုံလာရတဲ့အခါမှာတော့….သူ့စွမ်းရည်တွေကို ဘယ်လိုအသုံးချသွားမလဲ နောက်ပိုင်းမှာရော ဘယ်လိုတွေ ကြုံတွေ့ကြရဦးမလဲ …….. ဆိုတာတွေကို ကြမ်းကြမ်းတမ်းတမ်းဖိုက်တင်ခန်းတွေနဲ့အတူတူ ရယ်စရာဟာသလေးတွေ ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ် (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.17GB | Download | |
| 1080p | 3.17GB | Download | |
| 1080p | 3.17GB | Download | |
| 1080p | 3.17GB | Download | |
| 720p | 1.26GB | Download | |
| 720p | 1.26GB | Download | |
| 720p | 1.26GB | Download | |
| 720p | 1.26GB | Download | |
| 720p | 1.26GB | Download |