
ယနေ့ခေတ်မှာ ဘယ်သူမဆို အသက်ရှင်ရပ်တည်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်နေကြရပါတယ်။ အဲဒီလို ရုန်းကန်နေရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့အတွက် မေ့လျော့တတ်နေကြတာပေါ့။ ဒါကြောင့် ကိုယ်စိတ်နှစ်ပါးစလုံး ကျန်းမာနေဖို့အတွက် ကိုယ်ကိုယ်ကိုယ် အမြဲဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အသက်ရှင်လာတဲ့ကာလတလျှောက်လုံး ခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ (Trauma) တွေဟာ လူကြီး၊ လူငယ်မှန်သမျှကို ဒုက္ခပေးနိုင်တာမို့ အမြန်ဆုံးသက်သာပျောက်ကင်းနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး ပျော်စရာတွေ ဖန်တီးဖို့ဆိုတာ အရေးကြီးတာကြောင့် စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ မှာကြားပါရစေ… ဒီဇာတ်ကားလေးကတော့ ဖွန်အန်းဆိုတဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ကို အခြေခံရိုက်ကူးထားပြီး သူ့ရဲ့ အတိတ်က စိတ်ဒဏ်ရာတွေက သူ့လိုအောင်မြင်နေတဲ့ဆရာဝန်ကိုတောင် ဘယ်လောက်ထိ နှိပ်စက်လဲဆိုတာကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ Horror Vibe နဲ့ Thriller Vibe ကို ရောစပ်ပြီးပေးစွမ်းနိုင်တဲ့ဇာတ်ကားဖြစ်တာကြောင့် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဖွန်အန်းဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့တဲ့အပြင် သန်းချီတန်တဲ့ ပရောဂျက်ကိုတောင် ဦးဆောင်ဖို့အတွက် တာဝန်ပေးခြင်းခံရတဲ့ ထူးချွန်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ငွေကြေးကလည်း ချမ်းသာပြီး သူ့ရဲ့ခင်ပွန်းသည်ကလည်း လိုလေသေးမရှိအောင် ချစ်ပေးပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကလည်း သည်းသည်းလှုပ်ဂရုစိုက်ကြပြီး အပြင်ပန်းကြည့်ရင် အစစအရာရာ ပြီးပြည့်စုံတဲ့သူလို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့… လျှို့ဝှက်ချက်တွေ၊ စိတ်ဒဏ်ရာတွေများစွာကြောင့် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူတွေကိုတောင် ဘယ်လောက်ထိ ဆိုးကျိုးသက်ရောက်လာမလဲ…? သူ့ရဲ့အတိတ်က ဖြစ်ရပ်ဆိုးကြီးက ဘာများလဲ…? သူ့ကိုချစ်တဲ့သူတွေကရော သူ့ကို တကယ်ချစ်ကြရဲ့လား…? ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်တာကြောင့် CM ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kai Zenn ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 992MB | 502MB | 253MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Kai Zenn Encoder ..... August