
IMDb Rating (7.8) / Rotten Tomatoes (95%) အကြံအဖန်လုပ်တတ်တဲ့သူခိုး... အဲဒီလိုပြောလို့ ဒီ Nightcrawler ကို သူခိုးကားလို့မထင်ပါနဲ့။ ဒီကားဟာ တကယ်တော့ သတင်းထောက်ကားလို့တောင်ပြောလို့ရတယ်။ မင်းသားက Jake Gyllenhaal ဆိုတော့ သရုပ်ဆောင် လန်ထွက်ချက်က ၂ချက်လောက် နားရင်းအုပ်ချင်လာမှာပါ... ဇာတ်လမ်းကတော့ မင်းသားက အလုပ်မရှိတဲ့ သူခိုးဂျပိုးပါ။ ဒါပေမယ့် ပညာတတ်သူခိုးပေါ့ လူပေါ်လူဇော်လုပ်တတ်တယ်။ အဲဒါနဲ့ တစ်ရက်ကျ အနေအစားချောင်ပြီး မျိုးမျိုးမြက်မြက်ရတဲ့ အလုပ်တစ်ခုကို သူတွေ့သွားတယ်။ အဲဒါက သတင်းရောင်းစားတဲ့အလုပ်... သတင်းရောင်းစားတယ်ဆိုလို့လည်း အထင်မကြီးပါနဲ့။ ကူလီကူမာ မျိုးစုံလုပ်ပြီး သတင်းတွေကို လီဆယ်ပြီး နေရာချ၊ တစ်ကိုယ်ကောင်းဆန်ပြီး အထာမထားတဲ့သူ။ သူ့အနေနဲ့ ပညာရေးအရ အတန်းပညာမတတ်ပေမယ့် လူတစ်ယောက်ကို ဘယ်လို ဆက်ဆံရမလဲ၊ ဘယ်အချိန်မှာ ကလိမ်ကကျစ်ကျရမလဲဆိုတာ မွေးရာပါတတ်နေသလိုမျိုး... မင်းသား Jake Gyllenhaal ကလည်း ဒီလိုမျိုး အကျင့်ယုတ်၊ ကလိမ်ကျတဲ့ ဇာတ်ရုပ်မှာဆို သူ့ရဲ့ပြူးကြောင်ကြောင်မျက်လုံး ပြီတည်တည်အပြုံးနဲ့ မျက်နှာပေါက်ကိုက အဲဒီလိုဖြစ်နေတော့ ဇာတ်လမ်းကြည့်နေရင်းနဲ့တောင် သူ့ကို ထဆော်ချင်စိတ်တွေဖြစ်လာမယ်... ပြီးရင် သတင်းရောင်းစားတဲ့ဈေးကွက် ဘာညာတွေကိုလည်း ကြည့်ရှုရမှာဖြစ်တော့ အခုလို ကာလလေးတွေမှာ Nightcrawler ကြည့်ပြီး Jake Gyllenhaal တစ်ယောက် ဘယ်အဆင့်ထိ ကောက်ကျစ်သွားမလဲဆိုတာကိုတော့ ရုပ်ရှင်မှာပဲ ဆက်လက်ခံစားကြပါဦးလို့... (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှ ခံစားတင်ဆက်ထားတာပါ။) File size…(1.8 GB)/ (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:57:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |