
Night Swim (2024) Saw နဲ့ The Conjuring တို့ရဲ့ ဖန်တီးရှင် James Wan ကိုယ်တိုင် ပရိုဂျူဆာလုပ်ထားတဲ့ စူပါနေထရယ်ဟော်ရာကားသစ်ပါ။ Blumhouse Productions နဲ့ Atomic Monster ကုမ္ပဏီ၂ခုပေါင်းစည်းပြီးနောက် ပထမဆုံးထွက်လာတဲ့ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကျန်းမာရေးကြောင့် အနားယူထားတဲ့ ဘေ့စ်ဘောကစားသမား “ရေးဝေါ်လာ” နဲ့ သူ့မိန်းမ ကျောင်းဝန်ထမ်းအိဗ်တို့ဟာ အိမ်ငှားဖို့ အိမ်အသစ်လိုက်ရှာရင်း စိတ်တိုင်းမကျတာနဲ့ အိမ်အကျယ်ကြီးနဲ့ ရေကူးကန်ကြီးပါတာကို ဈေးသက်သက်သာသာနဲ့ရောင်းနေတဲ့ အိမ်တစ်လုံးကို ဝယ်ဖြစ်သွားကြတယ်။ သရဲကားတို့ရဲ့ ပုံသေနည်းအတိုင်းပဲပေါ့။ နောက် နည်းနည်းဟောင်းနေတဲ့ အိမ်ကိုပြန်ပြင်ကြသလို ပျက်နေတဲ့ ရေကူးကန်ကိုလည်း ပြန်ပြင်ကြတယ်။ သူတို့တစ်မိသားစုလုံး ရေကူးကန်ကြီးရထားလို့ ပျော်ပျော်ပါးပါးနဲ့ နေ့တိုင်းနီးပါးရေကူးကြတယ်။ ဒီကနေမှ ကျန်းမာရေးမကောင်းတဲ့ ရေးဝေါ်လာက အဲဒီရေကူးကန်မှာ ရေကူးရင်းနဲ့ တစ်စတစ်စချင်း ကျန်းမာရေးပြန်ကောင်းလာခဲ့တယ်။ ထူးတော့ထူးခြားနေပေမဲ့ အကောင်းပဲဖြစ်နေတာဆိုတော့ သူတို့တွေ စိတ်ထဲသိပ်တော့မထားခဲ့ကြဘူး။ ဒါပေမဲ့ သူတို့တစ်မိသားစုလုံး မမြင်သင့် မမြင်အပ်တဲ့ အရာတွေမြင် မမြင်သင့် မမြင်အပ်တဲ့အသံတွေကို ကြားလာရတယ်။ ဒီလိုကနေမှ ရေးဝေါ်လာဟာ သူ့ပုံစံအတိုင်း သူ ဟုတ်မနေတော့တဲ့နောက် အိဗ်ဟာ ဒီကိစ္စကို အဖြေရှာဖို့ကြိုးစားခဲ့တယ်။ သူဘာတွေသိလိုက်ရလဲတော့ ဒီရုပ်ရှင်မှာ ကျွန်တော်တို့မြင်ရလိမ့်မယ်။ စူပါနေထရယ်ဟော်ရာကားတွေရဲ့ ပုံသေနည်းအတိုင်း သုံးထားတာတွေ တော်တော်မြင်ရပေမဲ့ တစ်ချို့နားလေးတွေကတော့ နည်းနည်းဆန်းသစ်တယ်ပြောရမှာမို့ သိပ်လည်း အလန်းစားကြီးမဟုတ်ပေမဲ့ ဟော်ရာဖန်တွေ ကြည့်ပျော်မယ့်ရုပ်ရှင်ပါပဲ။ မင်းသားနေရာကလည်း Kurt Russell ရဲ့သား Wyatt Russell က သရုပ်ဆောင်ထားသလို Hunger Games ထဲပါဖူးတဲ့ မင်းသမီးလှလှလေး Amélie Hoeferle တို့၊ The Banshees of Inisherin နဲ့ BAFTA မှာ ဇာတ်ပို့မင်းသမီးဆုဆန်ခါတင်ဝင်ထားဖူးတဲ့ Kerry Condon တို့လည်း ပါတာမို့ သရုပ်ဆောင်မဆိုး ဇာတ်မဆိုးတဲ့ ဟော်ရာကားလို့ပြောရပါမယ်။ ဘာနေနေ ဂျိမ်းဝမ်ထုတ်တာဆိုတော့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4GB, 1.5GB, 810MB Quality – 4K HEVC, 1080p, 720p Format – mp4 Duration – 1H 38Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 4K HEVC | 4GB | Download | |
| 4K HEVC | 4GB | Download | |
| 1080p | 1.5GB | Download | |
| 1080p | 1.5GB | Download | |
| 1080p | 1.5GB | Download | |
| 1080p | 1.5GB | Download | |
| 720p | 810MB | Download | |
| 720p | 810MB | Download | |
| 720p | 810MB | Download | |
| 720p | 810MB | Download | |
| 720p | 810MB | Download | |
| 720p | 810MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director