Preparing your cinema experience...

Night of Deception aka Dajal: Satu Malam Dipedajal 2025 စံအိမ်ကြီးရဲ့ပဟေဠိ မလေးhorror ကောင်းကောင်းမျှော်နေတဲ့ CMပရိသတ်တို့အတွက် Body Horror ကားသစ်လေးထွက်ရှိလာလို့ ခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ Cleaner လို့ပြောလိုက်ရင် သန့်ရှင်းရေးသမားလို့ထင်ကြပေမဲ့ တကယ်တော့ ဒီကားထဲက သန့်ရှင်းရေးသမားသူငယ်ချင်းနှစ်ယောက်ကတော့ သာမန်cleanerတွေမဟုတ်ဘဲ လူသေထားတဲ့နေရာတွေကို သန့်ရှင်းရေးလုပ်ပေးရသူတွေပါ။ ဒီလိုနဲ့သူငယ်ချင်းနှစ်ယောက် အိမ်တစ်အိမ်ကို သန့်ရှင်းပေးဖို့တာဝန်ကျလာပေမဲ့ ထုံးစံအတိုင်းပဲလို့ ယူဆလာတဲ့အတွက် အလုပ်ဖိုင်လည်းယူမလာမိသလို အစီရင်ခံစာလည်း မဖတ်မိပါဘူး။ ဒါပေမဲ့ အရင်လိုပဲလို့ယူဆပြီး အိမ်ကို သန့်ရှင်းရေးလုပ်ဖို့စစ်ဆေးချိန်မှာ လူသေအလောင်း 3 လောင်းနဲ့ ထူးခြားတဲ့စာအုပ်တစ်အုပ်ကို တွေ့လိုက်မိချိန်မှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ ToMo ~ Yunniပဲဖြစ်ပါတယ်)