
သင်ဟာ Night at the museumရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ ငယ်ငယ်က ပြတိုက်တွေသွားလည်တဲ့အခါ ဒီအရုပ်တွေများ ညဘက်ဆိုရင်အသက်ဝင်လာပြီး လျှောက်သွားနေမလားလို့ တွေးမိမှာပါပဲ။ ၂၀၀၆ ခုနှစ်မှာ ပထမဆုံးစတင်ထွက်ရှိပြီး ပရိသတ်တွေရဲ့အသဲနှလုံးကို ဖမ်းစားခဲ့တဲ့ ဒီရုပ်ရှင်လေးက ၂၀၀၉နဲ့ ၂၀၁၄မှာ live action sequelအသီးသီးထွက်ရှိခဲ့ပြီးတော့ နောက်ဆုံးရုပ်ရှင်ကတော့ animationသီးသန့်အနေနဲ့ ပွဲထုတ်ထားပါတယ်။ ၂၀၂၂ animationမှာတော့ Night at the museum sequelတလျှောက်မှာ အပွဲပွဲနွှဲလာခဲ့တဲ့ လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကြီးကိုစွန့်ခွာလို့ တိုကျိုပြတိုက်ကို ပြောင်းရတာနဲ့ အစချီထားပါတယ်။ ဒါပေမဲ့ လာရီနဲ့ပွဲတိုင်းကျော်ခဲ့တဲ့ ပြခန်းထဲကရဲဘော်တွေကတော့ လာရီနေရာမှာမှာ အစားထိုးဝင်လာတဲ့ ညစောင့်တိုင်းကို အမျိုးမျိုးခြောက်လွှတ်နေကြတာပေါ့။ ရဲဘော်တွေကိုလည်း ဖျောင့်ဖျလို့မရ ကြီးလေးတဲ့တာဝန်ကြီးကို တခြားသူကိုလွှဲအပ်ခဲ့ရမှာကိုလည်း စိတ်မချပြန် နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ပြတိုက်ကြီးကိုလည်း သံယောဇဉ်မပြတ်တဲ့လာရီတစ်ယောက် တက်ဒီပြောသလိုပဲ သားဖြစ်သူ နစ်ခ်ဒေလီကို သူ့နေရာအစားဝင်ခိုင်းဖို့ တွေးနေတော့တာပေါ့။ တစ်ဖက်မှာတော့ ဘာလုပ်လုပ် တလွဲတချော်နဲ့တိုင်ပတ်နေပြီး ချစ်သူကောင်မလေးကိုပါ ဖွင့်မပြောရဲတဲ့အထိကို ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်ကောင်လေး နစ်ခ်ဒေလီကတော့ သူ့ရဲ့ဘဝကြီးကို အကြီးအကျယ်စိတ်ပျက်နေသူလေးပါ။ ဒါကိုအဖေဖြစ်သူလာရီက ပြတိုက်ညစောင့်လုပ်ဖို့ သူ့ကိုတိုက်တွန်းလာတဲ့အခါ... ညစောင့်အလုပ်စတဲ့ပထမညရဲ့ အရေးအကြီးဆုံးတာဝန်က မြေအောက်ခန်းကိုဆင်းပြီး ကုန်တင်ကုန်ချတံခါးကို သော့ခတ်ရမှာပေမဲ့ မြေအောက်ခန်းကိုကြောက်နေတဲ့နစ်ခ်တစ်ယောက် ထုံးစံအတိုင်း လွဲဖြစ်အောင်လွဲရင်းနဲ့ အဖေ့ရဲ့ရန်သူတော်ကြီး ခါမူရာလွတ်သွားအောင် လုပ်မိတဲ့အခါမှာတော့... ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်နေတဲ့ teenage crisisနဲ့ နစ်ခ်တစ်ယောက် ပြတိုက်ထဲကဗရုတ်တစ်သိုက်နဲ့အတူ ခါမူရာကိုတစ်ကျော့ပြန် ပြန်လည်ရင်ဆိုင်လို့ ကမ္ဘာကြီးကိုကယ်တင်နိုင်ပါ့မလားဆိုတာ အားလုံးအတူတူကြည့်ရှုရင်း ရယ်မောခြင်းနဲ့ဘဝအမောတွေ ဖြေဖျောက်လိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Adventure, Animation, Comedy Quality…. 1080p | 720p | 480p File size… 1.2GB | 642MB | 303MB Format… mp4 Duration….1h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |