
ဒီဇာတ်ကားလေးကတော့ အားလုံးလည်းမစိမ်းတဲ့ စကြဝဠာခြေကွင်း မီးလှံလေးချွန် ဖဲကြိုးနီ မီးကွင်းစတဲ့လက်နက်တွေကိုပိုင်ဆိုင်တဲ့ နီကျားရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်ကားအညွှန်းလေးကတော့ နီကျားဟာ နဂါးနန်းတော်က တတိယမင်းသား အောင်ပင်းကိုသတ်လိုက်လို့ နဂါးမင်းကြီးက သူ့အဖေဖြစ်တဲ့စစ်သူကြီးလီကျင့်ကာကွယ်ပေးနေတဲ့ ချန်ထန်ကွမ်းကို လာရောက်တိုက်ခိုက်ပါတော့တယ် ။ ဒါပေမဲ့ မတိုက်ခိုက်စေချင်ရင် နီကျားကိုထုတ်ပေးဖို့ပြောပါတယ် ။ နီကျားကလည်း နဂိုတည်းက ဘယ်သူ့မှလူမထင်တဲ့ပုဂ္ဂိုလ်ဆိုတော့ နဂါးမင်းကိုစိန်ခေါ်ခဲ့ပါတော့တယ် ။ ဒါပေမဲ့ အဖေဖြစ်သူလီကျင့်က ပြဿနာတွေပိုမကြီးရစေအောင်အားလုံးရဲ့အရှေ့မှာ နီကျားကိုပါးရိုက်ပြီးဆုံးမခဲ့ပါတယ် ။ နဂိုတည်းက ဒေါသကြီးတဲ့နီကျားတစ်ယောက် အရှက်ခွဲခံလိုက်ရတဲ့အခါ စိတ်တိုပြီး သူ့ကိုယ်သူသတ်သေသွားပါတယ် ။ ဒါပေမဲ့ဇာတ်လမ်းကမပြီးသေးဘဲ သူ့ဝိညာဉ်က လင်းလုံဘုရားကျောင်းမျှော်စင်ခုနှစ်ထပ်မှာသွားပိတ်မိနေချိန်မှာတော့…. အဖေဖြစ်သူလီကျင့်တစ်ယောက် နောင်တရစွာနဲ့သားကိုလိုက်ကယ်မလား ? နဂါးမင်းကြီးကိုရော ဘယ်လိုအနိုင်ယူသွားမလဲ ? သားအဖနှစ်ယောက်ကြားက ကတောက်ကဆကရော အဆင်ပြေနိုင်မလားဆိုတာကို နီကျားနဲ့သူ့အဖေရဲ့ မျှော်စင်ခုနှစ်ထပ်စွန့်စားခန်းမှာ ကြည့်ရှူအားပေးလိုက်ကြပါအုံး။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.66 GB | Download | |
| 1080p | 1.66 GB | Download | |
| 1080p | 1.66 GB | Download | |
| 1080p | 1.66 GB | Download | |
| 1080p | 1.66 GB | Download | |
| 1080p | 1.66 GB | Download | |
| 720p | 976.7 MB | Download | |
| 720p | 976.7 MB | Download | |
| 720p | 976.7 MB | Download | |
| 720p | 976.7 MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.0 / 10
Director