
New York, I Love You (2008) IMDb Rating (6.2) / Rotten Tomatoes (37%) New York, I Love You ဟာ နယူးယောက်ကို ပေးတဲ့ ရည်းစားစာလိုပြောလိုရတယ်။ ပြောရရင် ရည်းစားစာဆိုတာ ရည်းစားစာဆိုတဲ့ စကားလုံးသက်သက်တော့မဟုတ်ဘူး။ တစ်ချိုရုပ်ရှင်တွေကို ညွှန်းဆိုရာမှာ သုံးတတ်တဲ့ စကားလုံးတစ်ခုရှိတယ်။ A Love Letter to ဆိုတဲ့ စကားလုံး ပေါ့။ “This movie is a love letter to New York”တို ” This movie is a love letter to 90s romace comedy.”တိုလိုပေါ့။ ဒီစကားလုံးကို အဘိဓာန်မှာတော့ “A love letter to something” idiomally means a heartfelt and enthusiastic expression of appreciation, admiration, or love for a particular subject, place, or idea, often presented in a creative or expressive wayလို အဓိပ္ပာယ်ဖွင့်ထားတယ်။ စကားလုံးကျစ်ကျစ်လျစ်လျစ်နဲ့ ဗမာလို ပြန်ရင်လည်း ရည်းစားစာလိုပဲ ပြန်သင့်တယ်လိုတော့ မြင်တာပဲ။ ဒီရုပ်ရှင်က ရှော့ဖလင်၁၁ခုကို ရုပ်ရှင်တစ်ကားတည်းလိုဖြစ်အောင် ရိုက်ထားတဲ့ ရုပ်ရှင်။ ဒီရှော့ဖလင်၁၁ခုက သီခြားစီအနေနဲ့လည်း ရှော့ဖလင် ကောင်းတွေဖြစ်နေသလို အကုန်လုံးပေါင်းလိုက်တဲ့အနေနဲ့လည်း ရုပ်ရှင်ကောင်းတစ်ကားဖြစ်နေတယ်။ နယူးယောက်ကိုပေးတဲ့ ရည်းစားစာဆိုပေမဲ့လို ဒီရုပ်ရှင်မှာ ဝင်ရိုက်ထားတဲ့ ဒါရိုက်တာတွေက နိုင်ငံပေါင်းစုံက ဒါရိုက်တာပေါင်းစုံပါပဲ။ ဂျပန် အိန္ဒိယ တရုတ် ပြင်သစ် ဂျာမန်တူရကီ အမေရိကန်တွေပေါ့။ အိန္ဒိယကဆို Shekhar Kapur – သူက Bandit Queenနဲ့ လူသိများခဲ့သလို အယ်လီဇဘတ် , အယ်လီဇဘတ်ရွှေခေတ်စတာတွေလည်း ရိုက်ထားတယ်။ တရုတ်က Jiang Wen- Red Sorghumမင်းသား , In the Heat of the Sunဒါရိုက်တာ။ ဂျပန်က Shunji Iwai- သူတော့ သိတဲ့လူတွေအတွက် ပြောနေစရာမလိုပါဘူး။ သရုပ်ဆောင်တွေကတော့ Shu Qi , Natalie Portman, Irrfan Khan, Orlando Bloom, John Hurt ,Bradley Cooper , Ethan Hawke, Hayden Christensen, Olivia Thirlby, Shia LaBeouf , Maggie Q စတဲ့ လူသိများ နာမည်ကြီးပြီးသားတွေ မနည်းမနောပါတယ်။ တစ်ခုရှိတာက Irrfan Khanအခန်းကို အိန္ဒိယဒါရိုက်တာက မရိုက်သလို , နာတာလီပေါ့မန်းက ဝင်ရိုက်ထားပေမဲ့ သူသရုပ်ဆောင်တာက သူဝင်ရိုက်ထားတဲ့ဟာမဟုတ်ဘူး, နောက် ရှုကြည်နဲ့ နောက်တရုတ်နွယ်ဖွား မင်းသမီးပါတဲ့အခန်းကလည်း တရုတ်ဒါရိုက်တာ ရိုက်ထားတဲ့အခန်းမဟုတ်ဘူး။ ဘယ်သူ ဘာရိုက်လဲ အတိအကျသိချင်ရင်တော့ https://shortfilmspring2013.weebly.com/new-york-i-love-you.html ဒီလင့်မှာ ဝင်ကြည့်လိုရတယ်။ ကျွန်တော့်ပုဂ္ဂလိကအမြင်နဲ့တော့ ဒီထဲ ကျွန်တော်မကြိုက်မိတဲ့ ရှော့ဖလင်က ၂ခုလောက်ပဲရှိတယ်။ ကျန်တာတွေအကုန် တော်တော်လှတယ်။ တော်တော်လည်း စကေးကြမ်းတဲ့ ဘဲတွေပါပဲ ၁မိနစ် ၂မိနစ်နဲ့စတဲ့ အချိန်လေးအတွင်း ပုံပေါ်အောင်ရိုက်နိုင်ကြတယ်။ ရှော့ဖလင်ရိုက်ချင်တဲ့သူတွေ လေ့လာကြည့်သင့်တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ဒီထဲမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်လမ်းက Shunji Iwaiရဲ့ ဇာတ်လမ်း။ သူ့ဇာတ်လမ်းက နယူးယောက်က musician တစ်ယောက်အကြောင်း။ အဲဒီနေရာမှာ သရုပ်ဆောင်တာက အော်လန်ဒိုဘလွန်း။ သူက သူ့အခန်းလေးထဲမှာပဲ တေးသီနေတဲ့လူ။ သူနဲ့တိုက်ရိုက်ချိတ်ဆက်နေတဲ့ ဇာတ်ကောင်က ၂ယောက်ရှိတယ်။ တစ်ယောက်က သူ့ဒါရိုက်တာ။ တစ်ယောက်က သူ့ဒါရိုက်တာရဲ့လက်ထောက်။ တစ်ကားလုံးမှာ ဒီလူ၂ယောက်စလုံးနဲ့ သူက ဖုန်းနဲ့ပဲ ဆက်သွယ်တာပြပြီး လူတွေကိုမပြသွားဘူး။ ဇာတ်က ဘယ်လိုလဲဆိုတော့ သူဖွဲထားတဲ့တေးကို သူ့ဒါရိုက်တာက မကြိုက်ဘူး။ ဆိုတော့ သူတို ပြန်တိုင်ပင်ကြတယ်။ သူ့ဒါရိုက်တာက သူ့ကို ဒါစတိုယက်စကီးရဲ့ Crime and Punsihment နဲ့ The Brothers Karamazovကို ဖတ်ခိုင်းလိုက်တယ်။ သူက ဒီစာအုပ်ကြီးတွေကိုကြည့်ပြီး စိတ်ဓာတ်ကျနေပြီ။ အလုပ်ထွက်တော့မယ်ပေါ့။ အဲဒီမှာ သူ့ဒါရိုက်တာရဲ့လက်ထောက်ကောင်မလေး သူနဲ့ တစ်ချိန်လုံးဆက်သွယ်နေတဲ့ကောင်မလေးက သူ့ဆီ ဖုန်းဆက်ပြီးပြောတယ်။ ဒေါ့စတိုယက်စကီး The Gambler ဝတ္တုကိုရေးတုန်းက ထုတ်ဝေသူက အချိန်၂၈ရက်ပဲရမယ်လို စာချုပ်ချုပ်ထားခဲ့တယ်တဲ့။ ဒေါ့စတိုယက်စကီးက ပြီးအောင်ရေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စာရိုက်သမလေးတစ်ယောက်ရဲ့ အကူအညီတော့ယူခဲ့ရတယ်တဲ့။ နောက် အဲဒီကောင်မလေးနဲ့ သူလက်ထပ်သွားတယ်တဲ့။ သူကူညီပေးရမလားလို အော်လန်ဒိုဘလွန်းကိုမေးလာတယ်။ အော်လန်ဒိုဘလွန်းကလည်း လက်ခံလိုက်တယ်။ သူ့အိမ်တံခါးဝကိုဖွင့်ကြည့်လိုက်တော့ ကောင်မလေးက Crime and Punsihmentစာအုပ်ကြီးနဲ့ မျက်နှာကို ကွယ်ထားပြီး ရပ်နေတယ်။ ဘလွန်းက ငါမင်းကို လက်ထပ်ရတော့မယ့် သဘောလားလိုပြောတော့ ကောင်မလေးကပြောတယ် ကျွန်မရှင့်ကိုစာတွေအများကြီးဖတ်ပြပေးဖိုလိုပါသေးတယ်တဲ့။ ထုံးစံအတိုင်း Shunji Iwaiကတော့ Shunji Iwaiပါပဲ။ ဒီရုပ်ရှင်မှာ ဒီလိုတခြားဇာတ်လမ်းကောင်းတွေ အများကြီးထပ်ပါပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:43:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.8 GB | Download | |
| 1080p | 2.8 GB | Download | |
| 1080p | 2.8 GB | Download | |
| 1080p | 2.8 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download | |
| 720p | 1.2 GB | Download |