
တရုတ်နိုင်ငံသမိုင်းမှာ အလှဆုံးအမျိုးသမီး ၄ ဦးထဲက ရှီးစီးအကြောင်းကို ကိုးကားပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဘီစီ ၄၉၄ ခုနှစ်မှာ ဖူကျောင်းစစ်ပွဲမှာ ယွဲ့စစ်တပ်က ရှုံးနိမ့်ခဲ့ပြီး ယွဲ့တိုင်းပြည်က ပြည်ပျက်ခါနီးအချိန်ကို ရောက်လာပါတော့တယ်။ ယွဲ့အမျိုးသမီး ရှီးစီးနဲ့ အဖေဟာ မြို့တော်ကို ရှင်သန်နေထိုင်ဖို့ ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဝူတိုင်းပြည်စစ်သူကြီး လင်ဖုန်းက ရှီးစီးရဲ့ အလှကိုမြင်ပြီး အဓ္ဓမသိမ်းပိုက်ဖို့ လုပ်ခဲ့ပါတယ်။ ရှီးစီးအဖေက လိုက်လံတားဆီးတဲ့အတွက် ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရပါတယ်။ တိုင်းပြည်ရန်ငြိုး မိသားစုရန်ငြိုးတွေပေါင်းဆုံသွားပြီး ရှီးစီးကလည်း အဖေ့အတွက် ကလဲ့စားချေဖို့ ကျိန်ဆိုခဲ့ပါတယ်။ ကလဲ့စားချေဖို့ ဝူတိုင်းပြည်မင်းကြီးကို ဆက်သမဲ့ အကမယ် ၈ ယောက်ထဲ ပါဝင်ခဲ့ပြီး သူမရဲ့အလှကြောင်း ဝူမင်းကြီးရဲ့ အချစ်ရဆုံး မိဖုရား ဖြစ်သွားခဲ့ပါတယ်။ သူလျှိုမိဖုရား ရှီးစီးအပေါ်ကို ဝူမင်းကြီးက မေတ္တာစစ်နဲ့ ချစ်သွားတဲ့အခါ…… ဝူတိုင်းပြည်နဲ့ ယွဲ့တိုင်းပြည်ကြား ရှီးစီးတစ်ယောက် ဘယ်လိုရွေးချယ်မလဲ…… သူမဟာ ယွဲ့တိုင်းပြည်က သူလျှိုဖြစ်ကြောင်းကိုရော သေချာဖုံးကွယ်နိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2GB | Download | |
| 1080p | 1.2GB | Download | |
| 1080p | 1.2GB | Download | |
| 1080p | 1.2GB | Download | |
| 1080p | 1.2GB | Download | |
| 1080p | 1.2GB | Download | |
| 720p | 655.5MB | Download | |
| 720p | 655.5MB | Download | |
| 720p | 655.5MB | Download | |
| 720p | 655.5MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.7 / 10
Director