
Never Been Chris’d (2023) ===================== နှစ်အကြာကြီးနေမှ ကျောင်းတုန်းက crush ကြီးကို အရှင်လတ်လတ်ပြန်တွေ့ရရင် ဘယ်လိုခံစားရမယ် ထင်ပါသလဲ။ နှစ်ဖက်လုံးက လူပျိုလူလွတ်အခြေအနေနဲ့ဆိုရင် ပေါ့။ ဒီဇာတ်လမ်းလေးကတော့ ခရစ္စမတ်ပိတ်ရက် မွေးရပ်မြေကိုပြန်လာတဲ့ အချစ် ဆုံးသူငယ်ချင်းမနှစ်ယောက် ၁၇ နှစ်ကြာမှ ကျောင်းတုန်းက crush နဲ့ ပြန်ဆုံရပုံ၊ သူတို့တွေရဲ့ လူမှုရေး၊ အချစ်ရေးကိစ္စတွေကို ခရစ္စမတ်အငွေ့အသက်လေးနဲ့ ခပ်မြူး မြူးလေးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – နေအိုမီနဲ့လစ်ဇ်ဟာ အထက်တန်းကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ၃၅ နှစ်အရွယ်တန်းကို ရောက်လာတဲ့အထိ အတူအလုပ်လုပ်ရင်း single ဘ၀နဲ့ နေလာ ကြသူတွေပေါ့။ ခရစ္စမတ်ပိတ်ရက်ရှည်မှာတော့ သူတိုဇာတိမြေကိုပြန်လာခဲ့ကြပါတယ်။ အဲဒီမြေကို စရောက်ပါပြီဆိုကတည်းက အရင်ဆုံးကြုံတွေ့ရသူဟာ သူတိုနှစ်ယောက် လုံးရဲ့ အထက်တန်းကျောင်းက crush ကြီး ခရစ်ဆေးလ်ဗားပါပဲ။ ခရစ်ကောင်းမှုနဲ့ တခြား အတန်းဖော်ဟောင်းတွေနဲ့ပါ ပြန်ဆုံရပြီး ခရစ်နဲ့လည်း အရင်ထက်ပိုရင်းနှီးလာကြပါတယ်။ နေအိုမီနဲ့လစ်ဇ်ဟာ အိမ်ကမိသားစုပြဿနာတွေ အလုပ်ကိစ္စတွေဖြေရှင်းရင်းကပဲ ခရစ်နဲ့ သုံးပွင့်ဆိုင်ဆန်ဆန် အချစ်ဇာတ်လမ်းလေးစတင်ပါတော့တယ်။ ဒီလိုနဲ့ ဘယ်သူက ခရစ်ရဲ့နှလုံးသားကိုပိုင်ဆိုင်ရမလဲ၊ အချင်းချင်းအမြဲအနစ်နာခံလေ့ရှိတဲ့ နေအိုမီနဲ့လစ်ဇ်ရဲ့ သူငယ်ချင်းသံယောဇဉ်ကရော ဘယ်လိုတွေအစမ်းသပ်ခံရမလဲ၊ နောက်ဆုံး မှာ happy ending ဖြစ်နိုင်ပါ့မလားဆိုတာကို ရယ်မောပြုံးရွှင်ရင်း ကြည်ကြည်နူးနူး ကြည့် ကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.9 GB) / (659 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….C’mon Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 1080p | 1.9 GB | Download | |
| 720p | 659 MB | Download | |
| 720p | 659 MB | Download | |
| 720p | 659 MB | Download | |
| 720p | 659 MB | Download |