
Nesippaya (2025) “ချစ်သူသည်သာ…” ဒီတစ်ခါတော့ အချစ်-အလွမ်း-အကြမ်း-ဒရာမာ ရသစုံကြည့်ရှုခံစားရမဲ့ တမီလ်စကားပြော အချစ်-အက်ရှင် ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အာဂျွန်ဆိုတဲ့ကောင်လေးဟာ ဒီယာဆိုတဲ့ကောင်မလေးကို မြင်မြင်ချင်းမှာပဲ အရူးအမူးချစ်မိသွားပါတယ်။ ဒီယာကစစချင်းငြင်းပေမဲ့ အာဂျွန်ရဲ့ဇွဲကြောင့် ချစ်သူဘ၀ရောက်ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ အကြောင်းကြောင့် နှစ်ဦးသားကွဲကွာသွားခဲ့ပြီး အလုပ်ကိုယ်စီနဲ့ တစ်ယောက်တစ်နိုင်ငံဆီ ကွာဝေးခဲ့ကြပါတယ်။ နှစ်တွေအတော်တော်ကြာတော့မှ ပြဿနာအကြီးကြီးတစ်ခုကြောင့် နှစ်ယောက်သားပြန်ဆုံရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီပြဿနာကတော့ ဒီယာတစ်ယောက် လူသတ်မှုတစ်ခုနဲ့ ပတ်သက်နေခဲ့တာပါပဲ။ နှစ်တွေဘယ်လောက်ကြာကြာ ကျောင်းတော်ကအချစ်ဟောင်းကိုမမေ့နိုင်သေးတဲ့ အာဂျွန်တစ်ယောက် ဒီယာရဲ့ပြဿနာထဲ ဘယ်လို၀င်ပါလာမလဲ…၊ ဒီယာရော စွပ်စွဲခံနေရတဲ့အမှုက လွတ်မြောက်ပါ့မလား၊ နောက်ဆုံးမှာ သူတို့နှစ်ဦးအတွက် ပျော်စရာဇာတ်သိမ်းခန်းလေးရှိပါ့မလားဆိုတာ… ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download | ||
| 720p | Download |