
Natural City (2003) မဝေးတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ လူသားတွေဟာ လူ့အဖွဲ့အစည်းကို ထိန်းသိမ်းဖို့အတွက် စက်ရုပ်တွေကို မှီခိုလာကြပါတယ်။ လူသားတွေနဲ့ စွမ်းဆောင်ရည်တူအောင် ထုတ်လုပ်ထားတဲ့ အဆိုပါ ဆိုင်ဘော့ စက်ရုပ်တွေဟာ သုံးနှစ်သာ သက်တမ်းရှိကြပြီး သက်တမ်းပြည့်တဲ့အခါ ဖျက်ဆီးစွန့်ပစ်ရုံကို ပို့ဆောင်ခံရမှာပါ။ ဒါပေမဲ့ စမ်းသပ်ပေါင်းစည်းသူ ပညာရှင်တွေဟာ လူသားတွေနဲ့ ဆိုက်ဘော့စက်ရုပ်တွေရဲ့ စိတ်ဝိညာဉ်ကို ပေါင်းစည်းနိုင်တဲ့ လုပ်ငန်းစဉ်ကို တီထွင်ခဲ့တဲ့အခါ တင်းကျပ်စွာ ခွဲခြားထားတဲ့ လူ့အဖွဲ့အစည်းမှာ အပျက်အစီးတွေ စတင်ဖြစ်ပေါ်လာပါတယ်။ တိုက်ခိုက်ရေး ဆိုက်ဘော့တွေဟာ သူတို့ရဲ့ သုံးနှစ်တာသက်တမ်းကို ရှည်ကြာစေမယ်လို့ ယူဆရတဲ့ DNA နမူနာကို ရှာဖွေဖို့ ပင်မဓာတ်ခွဲခန်းကို ဝင်ရောက်စီးနင်းလာတဲ့အခါမှာတော့ ... အဆိုပါ ပုန်ကန်မှုကို နှိမ်နင်းဖို့အတွက် ရဲအရာရှိတွေဖြစ်ကြတဲ့ R နဲ့ Noma တို့က ဘယ်လိုအခက်အခဲတွေကို ဖြတ်ကျော်ရမလဲ? အဆုံးသတ်မှာရော လူသားတွေနဲ့ ဆိုင်ဘော့ကြားမှာ ဘယ်သူက အနိုင်ရသွားနိုင်မလဲ? ဒီရုပ်ရှင်ဟာ Blade Runner နဲ့ Ghost in the shell အစရှိတဲ့ ရုပ်ရှင်တွေနဲ့ ဆင်တူပြီး Sci-Fi ကြိုက်သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hazel ပါ။) File Size : 2.9GB, 982MB, 490MB Quality : 1080p Blu-ray, 720p Blu-ray, 480p Format : mp4 Duration : 1hr 54mins Genre : Action, Drama, Scifi Translated by Hazel Encoded by Kinnov