
Não Tem Volta (2023) IMDb Rating (5.0) ဘရာဇီးအချစ်ဟာသကားဖြစ်တဲ့ ဒီကားရဲ့ ဇာတ်အိမ်က ထူးလည်းထူးတယ် ရူးလည်းရူးတယ်လို့ပြောရမယ်။ ကောင်လေးတစ်ယောက်ရှိတယ်။ သူက သူ့ကောင်မလေးက သူ့ကိုထားသွားတာကို ခံခဲ့ရတယ်။ မင်းမရှိရင် အသက်မရှင်ဘူးဆိုတာ ဒီကောင်အစစ်ပဲ။ တစ်နှစ်လောက်တော့ စောင့်မယ်လို့ စိတ်ပိုင်းဖြတ်ပြီး တစ်နှစ်စောင့်ခဲ့ပေမဲ့ သူ့ကောင်မလေးက ပြန်မလာခဲ့ဘူး။ ဒီတော့ သူက လူသတ်သမားငှားပြီး သူ့ကိုယ်သူပြန်သတ်ခိုင်းလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်သတ်ခိုင်းမိတဲ့ ဇာတ်ကတော့ ရှေ့မှာလည်းရှိခဲ့ပေမဲ့ ဒီကားကတော့ ကျန်တဲ့အဲလီးမန့်တွေကပါ စားနေတာမျိုးပေါ့။ သူ့ကိုယ်သူသတ်ဖို့ အလုပ်အပ်တဲ့အချိန် လူသတ်သမားငှားပေးမယ့်ပွဲစားက သူ့ကို တစ်ခါတည်းမှာထားတယ်။ အလုပ်အပ်ပြီးရင် ပြတ်ရုတ်သိမ်းလို့မရဘူး။ နောက်ပြန်ဆုတ်လို့မရဘူးတဲ့။ မင်းမရှိရင်အသက်မရှင်ချင်တဲ့ကောင်ကလည်း ပျော်ပျော်ကြီးလက်ခံလိုက်တာပေါ့။ အလုပ်အပ်ပြီး အိမ်ပြန်လာတော့ သူ့ကောင်မလေး ပြန်လာတာနဲ့ တိုးတယ်။ သူ့ကိုချစ်ကြောင်းတွေပါပြောတော့ ဒီကောင်နားကားရော။ ဒီတော့ သူပြန်ဆုတ်လို့မရတဲ့ အပေးအယူလုပ်ထားတဲ့ကိစ္စကို ပြန်ဆုတ်ဖို့ သူဘယ်လိုလုပ်လဲ တလွဲတွေနဲ့ချည်းကြည့်ရမယ့် ရုပ်ရှင်ပါ။ တစ်ခုရှိတာက ဒီဘရာဇီးကားက ဘောင်ဝင်တန်းဝင်ကားမဟုတ်လေတော့ အင်္ဂလိပ်စာဖိုင်က ဘောင်ဝင်တန်းဝင်စာဖိုင်မျိုးတော့ မထွက်ထားဘူး။ နားလည်လွယ်အောင် ဖြည့်ပြန်ထားပေမဲ့ ခြောက်ပြစ်တော့မကင်းတာတော့ သည်းခံကြည့်စေချင်ပါတယ်။ ဇာတ်လမ်းကို နားလည်မှုလွဲစေမှာမျိုးတော့ မရှိပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (960 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Comedy Duration….01:30:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W