
Nach Ga Ghuma (2024) “ကမောက်ကမ အိမ်ထောင်ရှင်မ” ခွီရမှကြိုက်တဲ့ ပရိသတ်ကြီးအတွက် သဘာ၀ကျကျ ရယ်ရမဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အချစ်ဟာသကားတွေချည်းပဲ ကြည့်ရတာ ရိုးအီနေပြီဆိုရင် အပြောင်းအလဲအနေနဲ့ ဒီလိုဇာတ်လမ်းမျိုး ကြည့်သင့်ပါတယ်။ အိမ်ရှင်မတစ်ယောက်နဲ့ သူ့မိသားစုရေးကို အခြေခံပြီး အိမ်တွင်းဟာသလေးတွေကို သဘာ၀ကျကျ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းမှာတော့ ရာနီဟာ အိမ်ရှင်မတစ်ယောက်ပီပီ မနက်မိုးလင်းတာနဲ့ ပျာယာခတ်အလုပ်များနေပုံနဲ့ အစပျိုးထားပါတယ်။ အလုပ်သွားမဲ့ ယောကျာ်းဖြစ်သူကိုနှိုးရ၊ သမီးအတွက်ပြင်ဆင်ပေးရနဲ့ အလုပ်များနေရတာက ရာနီ့ရဲ့နေ့စဉ်ကြုံနေရတဲ့ အိမ်ရှင်မဘ၀ပါ။ အဲဒီကြားထဲ အလုပ်ချိန်အမြဲနောက်ကျတတ်တဲ့ အိမ်အကူ အစ်မအက်ရှာနဲ့ကလည်း အမြဲတကျက်ကျက်ပေါ့။ နောက်ပိုင်းမှာတော့ ရာနီရဲ့အိမ်ရှင်မဘ၀ဟာ ဒီလိုပဲဆက်ဖြစ်သွားမလား၊ ဘာအပြောင်းအလဲတွေ ကြုံရမလဲ၊ ရာနီနဲ့အက်ရှာကြား ဘယ်လိုကမောက်မကတွေ ဖြစ်ဦးမလဲဆိုတာ ရယ်ရယ်မောမော ဆက်လက်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ အိမ်ထောင်သည်တွေကြုံတွေ့ရတတ်တဲ့အိမ်ထောင်ရေး၊ မိသားစုရေးနဲ့ လူမှုရေးကိစ္စပေါင်းစုံကို သဘာ၀ကျကျ ဟာသလေးတွေနှောပြီး တင်ဆက်ထားတာမို့ ဘ၀အမောလေးတွေ ခဏတာပြေပျောက်စေမှာပါ။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)