
တရုတ်နိုင်ငံရဲ့ ပေါ်လစီကြောင့် တရုတ်သရဲကားကောင်းတွေ မရှိသလောက် ရှားပါးနေတဲ့ အချိန်မှာ ထိုင်ဝမ်က ဖြစ်ရပ်မှန် သဲထိတ်ရင်ဖိုရုပ်ရှင်ကို အကောင်းဆုံး တင်ဆက်သွားခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ထိုင်ဝမ်မှာ နာမည်ကြီးနေတဲ့ တစ္ဆေတိုက်ကြီး တစ်တိုက်ရှိနေပါတယ်။ အဲဒီတိုက်ကြီးမှာ လွန်ခဲ့တဲ့ ၁၉၈၀ ဝန်းကျင်လောက်က မီးလောင်မှုကြီး ဖြစ်ပြီး လူ ၁၉ ယောက် သေဆုံးသွားခဲ့ပြီးနောက် နှစ်ပေါင်း ၃၀ အတွင်း လူသေမှုများစွာ ဖြစ်နေခဲ့ပါတယ်။ မိန်းကလေးတစ်ယောက်က အချစ်ရေး အဆင်မပြေတဲ့အတွက် တိုက်ပေါ်မှ ခုန်ချရာ အောက်က ဈေးသည်လေးတစ်ယောက်ပေါ်ကျပြီး နှစ်လောင်းပြိုင် သေဆုံးမှုတစ်ခုက အဲဒီတိုက်ကိုနာမည် ပြန်ကြီးလာစေခဲ့ပါတယ်။ ဖေ့ကျီးဟာ ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်သူတစ်ဦးဖြစ်ပါတယ်။ မီးလောင်မှုရဲ့ အမှန်တရားကို ရှာဖွေပြီး သေဆုံးသူဝိညာဉ်တွေကို လမ်းပြပေးဖို့အတွက် တစ္ဆေတိုက်ကို ပြောင်းနေခဲ့ပါတယ်။ အဲဒီမှာ သူက သရဲဝတ္ထုရေးဖို့ ဇာတ်လမ်းရှာဖို့ တိုက်မှာ လုံခြုံရေးလာလုပ်နေတဲ့ ရှောက်ကျွင်းနဲ့ တွေ့ခဲ့ပြီး သူတို့နှစ်ယောက် အမှန်တရားကို ရှာဖွေဖို့ ပူးပေါင်းလိုက်ကြပါတယ်။ တစ္ဆေတိုက်ကြီးမှာ မကျွတ်မလွတ်တဲ့ သရဲတွေက ဘယ်လို အကူအညီတောင်းခံကြမလဲ…… လွန်ခဲ့တဲ့ နှစ် ၃၀ လောက်က ဒီတိုက်ကြီးမှာ ဘယ်လို ရက်စက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရသလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 698MB | Download | |
| 1080p | 698MB | Download | |
| 1080p | 698MB | Download | |
| 1080p | 698MB | Download | |
| 1080p | 698MB | Download | |
| 1080p | 698MB | Download | |
| 720p | 379MB | Download | |
| 720p | 379MB | Download | |
| 720p | 379MB | Download | |
| 720p | 379MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.4 / 10
Director