
My True Fairytale (2021) ================== IMDb Rating – 6.3/10 ဒီဇာတ်ကားလေးရဲ့ဒါရိုက်တာဖြစ်သူ D.Mitry ဟာ ကားအက်ဆီးဒင့် တစ်ခုမှာ သူ့ရဲ့၁၇နှစ်အရွယ်သမီးလေးကိုဆုံးရှုံးလိုက်ရပါတယ်။ My True Fairytale ဆိုတဲ့ဇာတ်ကားလေးဟာ သူ့ရဲ့ဆုံးသွားတဲ့ သမီးလေးအတွက် ရည်ရွယ်ပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ သူ့ရဲ့ နောင်တတွေနဲ့ ပြန်ပေးဆပ်ချင်မှုတွေကို တစ်ထောင့်တစ်နေရာကနေထည့် သွင်းပုံဖော်ထားတာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် အန်ဂျီနဲ့ သူ့bffနှစ်ယောက်ဟာ ကားအက်ဆီးဒင့်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါတကယ့်အပြင်ကအတိုင်းပါပဲ။ သူ့သူငယ်ချင်းနှစ်ယောက်က ဒဏ်ရာကြီးကြီးမားမားမရပေမယ့် အန်ဂျီကတော့ ပျောက်ချင်းမလှပျောက်ပြီး လုံးဝရှာမတွေ့တော့ပါဘူး။ ဒါဟာဇာတ်လမ်းတစ်ခုလုံးရဲ့ကျောရိုးပါ။ ဒါရိုက်တာ အတွက် တကယ့်လက်တွေ့အပြင်မှာ သူ့အတွက် သူ့သမီးလေးဟာ ခန္ဓာကိုယ်ပဲ ပျောက်သွားတာဖြစ်ပြီး သူ့ရင်ထဲမှာအမြဲရှင်သန်နေတယ်ဆိုတာ ပြချင်လို့ဖြစ်ပါ လိမ့်မယ်။ အန်ဂျီဟာ စူပါဟီးရိုးဖြစ်ချင်ပြီးကမ္ဘာကြီးကို ကယ်တင်ချင်နေတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူကယ်တင်ချင်တဲ့ကမ္ဘာကြီးဆိုတာ ဘာကိုပြောတာလဲ။ အန်ဂျီဘယ်လို ကယ်တင်မှာလဲ။ သူဘာတွေကိုပြန်ပြင်ချင်တာလဲ။ ဖခင်တစ်ယောက်ရဲ့ လွမ်းဆွတ် တမ်းတခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ အရွယ်မတိုင် ခင်သေဆုံးသွားရတဲ့ သမီးလေးရဲ့ဆန္ဒတွေကို နည်းလမ်းတစ်မျိုးလေးနဲ့ ရိုက်ကူးပုံဖော် ထားတာကို ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(936 MB) / (368 MB) / (200 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 26mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Mystery, Thriller Translator…….Ngwe Zin Encoder……….SWM