
ဒီကားလေးကတော့ ဇာတ်ကားနာမည်ကြည့်ရုံနဲ့ လူသတ်သမား ဘယ်သူဆိုတာတန်းသိတဲ့ ဇာတ်ကားမျိုးပေါ့နော်။ ဒါပေမဲ့ လူသတ် သမားဘယ်သူဆိုတာ သိနေတာတောင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု ရမှာပါ။ နောက်ဆုံးမှာတော့ သားကောင်ဟာ လွတ်မြောက်သွားပါ့ မလား။ လူသတ်သမားလက်ထဲပဲကျရောက်သွားမလားဆိုတာကိုပေါ့။ မက်ဒီက မိခင်ဖြစ်သူဆုံးပြီးတဲ့နောက် ကောလိပ်ကနေလည်း ထွက် လိုက်ပြီး ဘိုင်ကျနေတာမို့လို့ သူ့အဒေါ်ပိုင်တဲ့အိမ်မှာ ခေတ္တသွားနေ ပါတယ်။ သူ့အဒေါ်တို့ လင်မယားကမြို့ထဲမှာနေတာဆိုတော့ ဒီအိမ်ကို မက်ဒီ့ကိုခဏပေးနေလိုက်တာပါ။ အဒေါ်ဖြစ်သူကတော့ အာဖရိကကို ခဏတဖြုတ်သွားလည်ပါတယ်။ အဒေါ်ဖြစ်သူရဲ့ယောက်ျားက အိမ်ပိုင် ရှင်ပေါ့လေ။ ကယ်ဗင် ဆိုတဲ့အိမ်နီးချင်းချောချောလေးလည်းရှိတော့ မက်ဒီတစ်ယောက် တစ်ချက်ခုတ်နှစ်ချက်ပြတ်နဲ့ ပီတိတွေဖြာမဆုံးခင်မှာပဲ ထူးထူးဆန်းဆန်းတွေ ကြုံလာရပါတော့တယ်။ သူဒီအဖြစ်တွေကို ဘာလို့ကြုံနေရတာလဲ။ လူသတ် သမားလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ကြည့်ရှုခံစားရမှာဖြစ် ပါတယ်။ မက်ဒီအဖြစ် မင်းသမီးချောEmily Roslyn Villarreal ကပါဝင်သရုပ် ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.54 GB) / (522 MB) / (339 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Ngwe Zin Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 720p | 522 MB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 522 MB | Download |