
ဟိုးရှေးရှေးတုန်းက ဝိဉာဉ်လောကရဲ့ ဘုရင်ကြီးတစ်ပါးရှိပါသတဲ့။ သူက သူ့သားလေးနဲ့ သူတော်စင်တွေနေတဲ့ မာကရလောကထဲကို အလည်အပတ်သွားရင်း တရားကျင့်နေတဲ့ သူတော်စင်တစ်ပါးကို သူ့ရဲ့သားလေးက နှောက်ယှက်မိတာကြောင့် စိတ်ဆိုးသွားတဲ့ သူတော်စင်ကြီးရဲ့ ကျိန်စာကို သူ့သားလေးအစား သူက လက်ခံလိုက်ပါတယ်။ အဲ့ဒီကျိန်စာကတော့ သူ့ဟာ ရုပ်ထုတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူ့ကို ပိတ်လှောင်ထားတဲ့ ရုပ်ထုကြီးပေါ်က စာတွေကို ဖတ်နိုင်တဲ့သူမှသာ ဒီကျိန်စာကနေ လွတ်မြောက်အောင်လုပ်ပေးနိုင်တယ်ဆိုတာပါပဲ။ နောက်ထပ် နှစ်ပေါင်း3000ကြာမြင့်သွားတဲ့နောက်။ ကျောင်းမှာ တခြားကလေးတွေက ဝိုင်းပြောင်လှောင်၊ ဆရာမတွေက ကြည့်မရ၊ လူတွေက မျက်မုန်းကျိုး၊ ဘဝကို အရှုံးသမားပေါက်စလေးလိုနေနေရပေမဲ့ သာမန်ကလေးတွေလို စကားပြောချင် ရယ်ရယ်မောမောနေချင်တဲ့ သီရူနာဆိုတဲ့ စကားထစ်နေတဲ့ ကလေးလေးတစ်ယောက်က ဝိဉာဉ်လောကဘုရင်ကြီးရဲ့ ကျိန်စာကို ပယ်ဖျက်ပေးဖို့ ကံဖန်လာတဲ့အခါမှာတော့....။ ဟာသနှောထားတဲ့ ကားလေးမို့ ရယ်ရယ်မောမောကြည့်လို့ရတာတင် မဟုတ်သေးပါဘူး။ အားနည်းသူကို နှိမ်ပြီး လှောင်ပြောင်တတ်တဲ့ လောကရဲ့ သဘာဝအပြင် မှတ်သားစရာ အချက်လေးတွေအများကြီး ထည့်ရိုက်ထားတဲ့ ကားကောင်းလေးပဲ ဖြစ်ပါတယ်။ IMDb rating 6.8အထိရရှိထားပြီး အိမ်က သားသားမီးမီးလေးတွေနဲ့ အတူတူကြည့်ဖို့လည်း သင့်တော်တဲ့ ကားလေးပါ။ 2022ထွက် My dear Boothamဆိုတဲ့ ကားအသစ်လေးပဲ အခုပဲ ကြည့်လိုက်ကြရအောင်ပါနော်။ File size…1.6GB / 884MB Quality…1080p HQ HDRIP / 720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yate & OeliuJ & Sora
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |