Preparing your cinema experience...

Muay Thai Warrior (2010) Yamada: Samurai of Ayothaya ထိုင်းနိုင်ငံ အယုဒ္ဓယပြည်ခေတ်က တကယ်ရှိခဲ့တဲ့ ဂျပန်နိုင်ငံသား မွေ့ထိုင်းသူရဲကောင်းတယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ယာမာဒါဟာ ထိုင်းနိုင်ငံကို ဂျပန်စစ်တပ်နဲ့အတူရောက်လာတဲ့ စစ်သားတစ်ယောက်ဖြစ်ပြီး ဘယ်သူမှသိလို့မရတဲ့လျှို့ဝှက်ချက်တစ်ခုကို သိရှိသွားပြီးနောက်မှာ အသက်အန္တရာယ်ကို ရန်ရှာခံရကာ သေလုနီးပါးဖြစ်ခဲ့ရပါတယ်။ သူ့ကို ရွာသားတစ်စုက ကယ်တင်ပေးလို့ အသက်ချမ်းသာရာရခဲ့တာကြောင့် ယာမာဒါဟာ သူ့အသက်ကို အယုဒ္ဓယပြည်အတွက် ပေးဆပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ယာမာဒါဟာ ထိုင်းဘုရင်နဲ့ ထိုင်းနိုင်ငံကို အမှန်တကယ်ကာကွယ်ပေးခဲ့တာကြောင့် မြို့စားမင်း နယ်စားမင်းဖြစ်တဲ့အထိ ရာထူးချီးမြင့်ခံခဲ့ရကြောင်း ရာဇဝင်မှတ်တမ်းများမှာ ဆိုထားပါတယ်။ အသံကို Thai Audio နဲ့ ပြန်လည်တင်ဆက်လိုက်ပါပြီ။