
MR9 Do or Die ဇာတ်ကားဟာ 2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်-ဘင်္ဂလားဒေ့ရှ် သူလျှိုအက်ရှင် သည်းထိတ်ရင်ဖို ဇာတ်လမ်းကောင်းတခုဖြစ်ပြီး ဒါရိုက်တာ Asif Akbar က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၆၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် စာရေးဆရာ Qazi Anwar Hussain ရဲ့ ဝတ္ထုဖြစ်တဲ့ Dhongsho Pahar ကို အခြေခံထားထားဖြစ်ပြီး မင်းသား ABM Sumon က MR9 ဆိုတဲ့ သူလျှို Masud Rana နေရာကနေ အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ R&R စက်ရုပ်ကုမ္ပဏီက ဘီလျံနာ ညီအကိုနှစ်ဦးဟာ နည်းပညာကိုအသုံးချပြီး ညီဖြစ်သူရဲ့ အမြင်အာရုံကို အကောင်းအတိုင်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အခါ နည်းပညာမြင့် တိုက်ခိုက်ရေးပစ္စည်းတွေကို ကမ္ဘာအနှံ့ ဖြန်ချိတင်သွင်းဖို့ ကြံစည်ခဲ့ပါတော့တယ်။ လူမြင်ကောင်းအောင် နည်းပညာကုမ္ပဏီကြီးကို ဗန်းပြပြီး ကန့်လန့်ကာနောက်ကွယ်မှာတော့ ပါဘလို အက်စ်ကိုးဘားလို မြေအောက်ဒုစရိုက်မှုတွေကို တသီတတန်းကြီး လုပ်ဆောင်တော့တဲ့ ဘီလျံနာညီအကိုနှစ်ဦးကို MR9 ဆိုတဲ့ ထိပ်သီးဘင်္ဂလားဒေ့ရှ် သူလျှိုတဦးဟာ CIA နှင့် ပူးပေါင်းပြီး နိုင်ငံတကာ ရာဇ၀တ်မှုအဖွဲ့အစည်းကို ဘယ်လိုဖြိုခွင်းသွားမလဲဆိုတာ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့အတူ သည်းထိတ်ရင်ဖို စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ File size…1.48GB / 717MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint