
ဒီတစ်ခေါက် CMကနေတင်ဆက်ပေးသွားမဲ့ဇာတ်ကားလေးကတော့ နာမည်နဲ့တင်ထူးဆန်းနေတဲ့ Mother, Couch ဆိုတဲ့ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ နာမည်ထဲကအတိုင်း အမေနဲ့ဆိုဖာတစ်လုံးကို ဦးတည်ပြီး ဇာတ်အိမ်တည်ထားတာပါ။ အသက် ၈၂ အရွယ် အဘွားကြီးတစ်ယောက်ဟာ Oakbed ဆိုတဲ့ ပရိဘောဂအဟောင်း ဆိုင်ထဲကိုဝင်ပြီး ဆိုဖာအစိမ်းရောင်ကြီးပေါ်မှာ သွားထိုင်နေပါတယ်။ ခဏထိုင်တာ ကိစ္စမရှိပေမဲ့ အဘွားကြီးကတော့ ဆိုဖာပေါ်မှာ ထိုင်ရာကမထဘဲ အိမ်မပြန်ဘူးငြင်းရာကနေ ပြဿနာက စပါတော့တယ်။ သူ့သားအကြီးဖြစ်တဲ့ ဂရစ်ဖ်ကတော့ ဒီကိစ္စကိုပေါ့ပေါ့ တန်တန်ပဲတွေးပြီး ပရိဘောဂဆိုင်ကကောင်မလေးနဲ့ ပရောပရည်လုပ်လို့ နေပါတယ်။ အဲဒီအချိန်မှာ သားအငယ် ဒေးဗစ်ဟာ သူ့သမီး မွေးနေ့ပွဲကို သွားရမဲ့ကြားကနေ အမေကိုအိမ်ပြန်ပို့ဖို့ရောက်လာခဲ့ကာ စိတ်မကျန်းမာတဲ့ ပုံပေါက်နေတဲ့မိခင်ကို ဆိုဖာကြီးကနေထပြီး အိမ်ပြန်ဖို့ ချော့မော့ပြောပါ တော့တယ်။ ဘယ်လိုပဲကြိုးစားကြိုးစား ဆိုဖာထိုင်ခုံပေါ်ကနေထဖို့စိတ်ကူးလုံးဝမရှိတဲ့ အမေနဲ့ သူ့သားသမီးတွေကြားက ဆက်ဆံရေးကို တစ်စတစ်စပုံဖော်သွားပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေးဗစ်ရဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ မွန်းကြပ်ပေါက်ကွဲ မှုတွေကို ဖြည်းဖြည်းချင်းစီ ချပြသွားတာပါ။ အစတုန်းက ဒီရုပ်ရှင်ကို ရိုးရိုးတန်းတန်း family/drama လို့ပဲထင်ခဲ့ပေမဲ့ တကယ်တမ်းကြည့်ကြည့်လိုက်တော့မှ psychology/drama အမျိုးအစား ဖြစ်နေတာပါ။ ဒေးဗစ်နဲ့သူ့မိသားစုကိုဦးတည်ထားတဲ့ metaphor တွေ၊ တွေးကြည့်မှ သဘောပေါက်နိုင်မဲ့အရာတွေနဲ့ အဓိကဇာတ်ကောင်ရဲ့စိတ်ခံစားချက်တွေနဲ့ trauma တွေအကြောင်း ကောင်းကောင်းကြီးကြည့်ရှုရမဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ File size…1.18GB / 629MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.18GB | Download | |
| 1080p | 1.18GB | Download | |
| 1080p | 1.18GB | Download | |
| 1080p | 1.18GB | Download | |
| 720p | 629MB | Download | |
| 720p | 629MB | Download | |
| 720p | 629MB | Download | |
| 720p | 629MB | Download | |
| 720p | 629MB | Download | |
| 720p | 629MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.8 / 10
Director