
Mortal Kombat Fanတွေ စောင့်မျှော်နေတဲ့ Animationကားလေးထွက်ရှိလာပါပြီ၊ ဒီဇာတ်ကားက ယမန်နှစ်ကထွက်ထားတဲ့ Mortal Kombat Legends: Scorpion's Revengeရဲ့ အဆက်ဇာတ်လမ်းဖြစ်ပါတယ်။ မရင်းနှီးသေးတဲ့သူတွေအတွက် Mortal Kombatပြိုင်ပွဲအကြောင်း အကျဥ်းချုပ်ပြောရရင် Realmsခြောက်ခုထဲက ကြီးနိုင်ငယ် ညှင်းသိမ်းပိုက်မှုတွေကို ကာကွယ်ဖို့ Universeရဲ့ Elder Godsတွေကနေ စီစဥ်ပေးတဲ့ပြိုင်ပွဲဖြစ်ပါတယ်၊ ပြိုင်ပွဲကို တစ်နှစ်တစ်ကြိမ်ကျင်းပပြီး ၁၀နှစ်ဆက်တိုက်အနိုင်ရရှိတဲ့ Realmက တခြားကမ္ဘာတစ်ခုကို အပြီးတိုင်သိမ်းပိုက်ခွင့်ရမှာပါ၊ Scorpion' Revengeမှာတော့ ၉ကြိမ်အထိ Outworld realm က အနိုင်ရပြီးမှ လူခန်းတို့အုပ်စုကြောင့် Earth Realmဘက်က ပြန်အနိုင်ရပြီး ကံကောင်းခဲ့တာပါ၊ Scorpion's Revengeအပြီးမှာ Outworld Realmကို အနိုင်ရခဲ့တဲ့ လူခန်း၊ ရေဒင်၊ ဂျွန်နီကေ့ဂျ်နဲ့ ဆွန်ညာဘလိတ်တို့က နောက်တစ်နှစ် ပြည့်သွားပြီဖြစ်တာကြောင့် Outworldစစ်တပ်တွေ Earthပေါ် ကျူးကျော်လာတာကို ထပ်မံရင်ဆိုင်ရပြန်ပါပြီ၊ ဒီတစ်ခါမှာတော့ Outworldရဲ့သခင်ရှောင်ခမ်းက Earth realmနဲ့ လူခန်းတို့အုပ်စုကို နောက်ဆုံးပြိုင်ပွဲ (Final Mortal Kombat) အဖြစ်ယှဥ်ပြိုင်ပြီး ဘယ်သူပိုင်ဆိုင်သင့်လဲဆိုတာကို ဆုံးဖြတ်ကြမယ်လို့ ကမ်းလှမ်းလာပါတယ်၊ ဒီကမ်းလှမ်းချက်ကို လူခန်းနဲ့ရေဒင်တို့ တတွေ လက်ခံလိုက်မလား၊ တစ်ဖက်မှာလည်း Nether Realmရဲ့သခင် Shinnokဆီမှာ အသက်ဝိဉာဉ်ပေးထားရတဲ့ Scorpionတစ်ယောက် Shinnokရဲ့ စေခိုင်းချက်တွေကို လိုက်ပေးဦးမှာလား၊ ငရဲသခင် Shinnokရဲ့ နောက်ကွယ်က တကယ့်အကြံအစည်က ဘာဖြစ်မလဲ၊ Earth Realmတစ်ခုတည်းအပြင် တခြား Realmတွေရော အန္တရာယ်ကင်းပါ့မလား စသဖြင့် မေးခွန်းပေါင်းများစွာနဲ့အတူ ကြည့်ရှုရမှာပါ Mortal Kombat ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း တိုက်ခိုက်ခန်း၊ သတ်ဖြတ်ခန်းတွေကို သွေးသံရဲရဲနဲ့ အပီအပြင်ပြထားသလို ဒီဇာတ်ကားမှာဆိုရင် Gameတွေထဲက Bone broken effectတွေပါ ပါလာလို့ ပိုပြီးသဘောကျမိပါတယ်၊ Animationဆိုပေမယ့် R-ratedဖြစ်ကြောင်း ပြောပါရစေ၊ Mortal Kombat Hardcoreတွေအတွက်တော့ ဒီ Animationကကြည့်ရတာတန်တဲ့ ဇာတ်ကားဖြစ်မှာ အသေအချာပါပဲ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကိုရေးသားပေးသူကတော့ JimX ပဲဖြစ်ပြီ၊ ဘာသာပြန်ရေးသားပေးသူများကတော့ JimX, Chit Tee တို့ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p, 360p Web-DL Duration - 1h 30min Subtitle – Myanmar Hardsub Format – Mp4 Genre : Animation, Action, Adventure Source : 1080p.Web-DL Translator – JimX, Chit Tee Encoder – SWM