
မော်ဂန်ဆိုတဲ့ကလေးမလေးဟာ လူသားမိဘများက မွေးဖွားလာတာမဟုတ်ဘဲ သိပ္ပံပညာရှင်တွေဖန်တီးထားတဲ့ မျိုးစပ်သက်ရှိလူသားအတုပဲဖြစ်ပါတယ်.. သူဟာသိပ္ပံပညာရှင်တွေရဲ့သုံးကြိမ်မြောက်ဖန်တီးမှုဖြစ်ပြီး ရှေ့နှစ်ခေါက်ကအမှားတွေကို သင်ခန်းစာယူပြီးဖန်တီး ထားတာဖြစ်တဲ့အတွက် ဉာဏ်ရည်ဉာဏ်သွေးကော ကြီးထွားမှုနှုန်းကောကသာမန်လူတွေထက်ကို သိသိသာသာ ကောင်းမွန်တဲ့သူတစ်ယောက်ပေါ့.. တစ်နေ့မှာတော့မော်ဂန်လေးဟာ စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ဘဲ သူ့ကိုဖန်းတီးခဲ့တဲ့ သူတွေထဲကတစ်ယောက်ကိုတိုက်ခိုက်လိုက်မိပါတယ် ဒါကြောင့်သူ့ကိုစစ်ဆေးဖို့ရုံးချုပ်ကလူနှစ်ယောက်ကို လွှတ်လိုက်ပါတော့တယ် မော်ဂန်လေးဆက်ပြီးအသက်ရှင်မလား အဆုံးသတ်ခံရမှာလားဆိုတာက အဲဒီလူနှစ်ယောက်ရဲ့ အစီအရင်ခံစာအပေါ်မူတည်နေပါတယ် ဆိုတော့ အသက်5နှစ် အရွယ်ကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်ရှိပြီး တစ်ချိန်တည်းမှာပဲ အဲဒီအသက်နဲ့မလိုက်တဲ့ ဉာဏ်ရည်နဲ့ကိုယ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့ မော်ဂန်တစ်ယောက် ဘယ်လိုတွေအစစ်ခံရမလဲ…. အသက်ရှင်ခွင့်ရမလား အဆုံးသတ်ခံရမလားဆိုတာကိုတော့ ဆက်ပြီးတော့ကြည့်လိုက်ရအောင်ဗျာ……… File size…1.30GB / 611MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg