
Mod (2011) “တောင်ပေါ်မြေမှ လွမ်းမောဖွယ်” Genre – Drama, Romance, Thriller ၂၀၁၁ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အိန္ဒိယအချစ်ဒရမ်မာကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါရစေ။ မင်းသားနေရာမှာတော့ မင်းသားတစ်ဖြစ်လဲ အစီအစဉ်တင်ဆက်သူ Rannvijay Singha ပါဝင်ထားပြီး မင်းသမီးနေရာမှာတော့ မျက်နှာဝိုင်းဝိုင်းပြည့်ပြည့်နဲ့ ကုလားချောမချောပဲ Ana De Armas လို ညို့ငင်အားနဲ့ အတော်လှပတဲ့ Ayesha Takia ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ တောင်ပေါ်မြို့လေးတစ်မြို့မှာ သီချင်းတွေဆိုပြီး အသက်မွေးဝမ်းကြောင်းနေတဲ့ ဖခင်ဖြစ်သူနဲ့အတူ Ananya ဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။ ဖခင်ဖြစ်သူက အရက်စွဲလို့ အကြွေးတွေ ပတ်လည်ဝန်းရံပြီး နာရီလေးတွေကို ပြင်ပေးနေရတဲ့ အပြင်ဆရာမလေးပေါ့။ တစ်ရက်ကျ လူတစ်ယောက် ဘာစကားမှမပြောပဲ နာရီလေး ရေဝင်လို့ဆိုပြီး လာလာပြင်တယ်။ တစ်ရက်ပြင်ပေးလိုက်ပေမဲ့ နောက်တစ်ရက်ကျ ဒီအတိုင်းပဲ ပြန်ရောက်လာပြန်တယ်။ အဲဒါနဲ့ စိတ်မရှည်လို့ အတင်းမေးကြည့်တော့မှ အထက်တန်းကျောင်းတုန်းက ကျောင်းနေဖက်ဖြစ်နေပြီး တစ်စထက်တစ်စ ခင်မင်လာကာ အချစ်ကြိုးသွယ်မယ့်အချိန်ကျမှ ဒီ ထူးဆန်းတဲ့လူရဲ့ နောက်ကြောင်းရာဇဝင်တွေကို သိလိုက်ရတဲ့ Ananya တစ်ယောက် ဘယ်လိုမျိုးတွေ ဆက်ပြီး ကြုံဆုံရမလဲဆိုတာကို ရှုခင်းအလှလေးတွေ သီချင်းချိုချိုလေးတွေနဲ့အတူ ခံစားရမှာပဲ ဖြစ်ပါကြောင်း။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)