
Mo Mamma (2023) IMDb-5.9/10 မြေးဖြစ်သူမာရီက အဘွားဖြစ်သူ မာမားဘေးမှာအမြဲရှိနေပေးခဲ့ပြီး ၊ တစ်ချိန်လုံး တစ်သက်လုံးပျော်သလိုနေခဲ့ပြီး အဘွားဆုံးခါနီးမှ လာအကဲပိုတယ်လို့ သူ့အမေကို အထင်လွဲနေခဲ့တယ် အမေဖြစ်သူအပေါ် တစ်ကိုယ်ကောင်းဆန်ပြီး သူ့အတွက်သူပဲတွေးတဲ့သူ ၊ သူထင်ပေါ်အရေးပေးခံဖို့ပဲစိတ်ဝင်စားတဲ့သူ ၊ သမီးဖြစ်သူအပေါ် ကြင်ကြင်နာနာမရှိ ရက်စက်စိမ်းကားသူဆိုတဲ့ ငယ်ဘဝစိတ်ဒဏ်ရာတွေ အပြည့်နဲ့ပေါ့ ဒါက သမီးတစ်ယောက်ရဲ့ တစ်ဖက်သတ်အမြင် စိတ်ဒဏ်ရာ ၊ မိခင်တစ်ယောက်ရဲ့ အခက်အခဲနဲ့ အကျပ်အတည်းကရော ဘာတွေများဖြစ်မလဲ အချိန်အတော်ကြာမှ ရင်ဖွင့်ဖြေရှင်းကြတာတွေက အကုန်အခဲကျေပြေလည်သွားမလား ဒဏ်ရာတွေကိုပိုဆိုးစေမလား…… ကိုယ်တိုင်နဲ့ ကိုယ့်ဘေးမှာရှိနေတဲ့သူတွေကြားက ဆက်ဆံရေးတွေအတွက် တစ်ခဏတာပြန်စဉ်းစားသုံးသပ်မိစေမဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်