
Mirror Mirror 2012 The Ant Bully, Smurfs, Michael Collins အစရှိတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးကောင်း Julia Robertsနဲ့ Emily in Paris, Abduction, Tarzan, The Mortal Instruments: City of Bones အစရှိတဲ့ ရုပ်ရှင်ကောင်းတွေ များစွာမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Lily Collinsတို့ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေး လာပါပြီ။ ဇာတ်လမ်းက စနိုးဝှိုက် remakeပါ။ ဒါပေမယ့် ဒီဇာတ်လမ်းက တခြားကြည့်ဖူးနေကြ ရိုးအီနေပြီဖြစ်တဲ့ စနိုးဝှိုက် ဇာတ်လမ်မျိုး မဟုတ်တော့ပါဘူး။ ဒီဇာတ်လမ်းက ဇာတ်ညွှန်းကို ဆန်းသစ်ထားတဲ့ စနိုးဝှိုက်လေးပဲဖြစ်ပါတယ်။ စနိုးဝှိုက်ဆိုတော့ သိကြတဲ့အတိုင်း ဘုရင်မ စုန်းမကြီးရယ် စနိုးဝှိုက်တို့ရဲ့ ပြိုင်ဆိုင်မှုဇာတ်လမ်းပေါ့။ ဒါပေမယ့့် မတူတာက အရင်င်စနိုးဝှိုက်တွေက အားနွဲ့တဲ့မိန်းမသားလေးတွေ ဖြစ်ကြတယ်။ ဘုရင်မကြီးက အဆိပ်ပန်းသီးကျွေး၊ စနိုးဝှိုက်က အဆိပ်မိ၊ မင်းသားလေးက ရောက်လာပြီး ကယ်နဲ့ မင်းသားဦးစားပေးဇာတ်လမ်းမျိုး များပါတယ်။ ဒါပေမယ့် ဒီMirror Mirrorမှာတော့ စနိုးဝှိုက်လေးက အကုန်လုံးနဲ့ ရင်ဘောင်တန်းပြီး ဘုရင်မကြီးနဲ့ ပြိုင်ဆိုင်ကြတာပါ။ စနိုးဝှိုက်တစ်ယောက် ဘုရင်မကြီးနဲ့ ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ရင်သပ်ရှုမော့စွာနဲ့ out of the boxကနေ ကြည့်ရှု့လိုက်ကြပါစို့ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Minn Khant Kyi Winဖြစ်ပါတယ်။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |