
Mercy (2023) လောလောလတ်လတ် ပူပူနွေးနွေး အသစ်စက်စက်ထွက်ရှိထားတဲ့ အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ မစ်ရှဲလ်က အာဖဂန်နစ္စတန်မှာ စစ်မှုထမ်းခဲ့ပြီး အခုအချိန်မှာတော့ မာစီဆေးရုံမှာပဲ ဆရာဝန်အနေနဲ့ သားလေးနဲ့အတူ ဘဝကိုအေးအေးချမ်းချမ်းဖြတ်သန်းနေတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကွင်းဂိုဏ်းလို့ခေါ်တဲ့ဂိုဏ်းက သားငယ်ရိုင်ယန်ကို FBI ကဖမ်းမိသွားခဲ့ပြီး ဂိုဏ်းကလူတွေက ပြန်ကယ်ဖို့ကြိုးစားရာကနေ သေနတ်ဒဏ်ရာနဲ့လူနာတွေ မစ်ရှဲလ်တို့ဆေးရုံကိုရောက်လာခဲ့ပါတယ်။ ရိုင်ယန်ကိုကယ်ထုတ်ဖို့ သူ့အစ်ကို ရှောန်အပြင် သူ့အဖေ ပက်ဒီနဲ့ ကွင်းဂိုဏ်းသားတွေပါရောက်လာခဲ့ပြီး ဆေးရုံတစ်ခုလုံးကိုဓားစာခံလုပ်လိုက်တဲ့အပြင် သူ့သား ဘော်ဘီကိုပါ ဖမ်းလိုက်ချိန်မှာတော့ ဆေးထိုးအပ်ကိုင်တဲ့ မစ်ရှဲလ်တစ်ယောက် သေနတ်ပြန်ကိုင်ရပါတော့တယ်။ အက်ရှင်ကားဆိုပေမယ့် အချိန်ပြည့်ဝုန်းဒိုင်းပစ်ခတ်နေတာမဟုတ်ဘဲ လိုအပ်မှပစ်ခတ်တာတွေရှိတာကြောင့် မျက်စိသိပ်မနောက်ရဘူးလို့ပြောနိုင်ပါတယ်။ National Treasure, Transformers နဲ့ Enemy of the state အပြင် တခြားနာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ထားတဲ့ မင်းသားကြီး Jon Voight အပြင် တခြားသရုပ်ဆောင်ကောင်းတွေပါဝင်တာကြောင့် အပျင်းပြေကြည့်ရှုဖို့ကောင်းတဲ့ အက်ရှင်ကားတစ်ကားလို့ ညွှန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 670MB Quality - 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 25Min Genre - Action Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y