
Memory of Water (2022) အနာဂတ်ကမ္ဘာကြီးမှာ ရေဟာ ရွှေလိုရှားလာခဲ့တယ်။ အထူးသဖြင့် သောက်ရေသုံးရေဆိုတာ အစိုးရက ခွဲတမ်းနဲ့ မစို့မပို့ပေးတာကိုပဲ သုံးရတဲ့အရာတွေဖြစ်လာတယ်။ ရှားပါးတဲ့ထဲကမှ ရှိတဲ့ရေကိုလည်း အများပြည်သူလုယက်ပြီး သတ်ဖြတ်မှုတွေမဖြစ်ရအောင်ဆိုပြီး စစ်အာဏာရှင်တစ်ယောက်က သိမ်းထားတယ်။ အဲဒီကမ္ဘာမှာတော့ ရေကိုပိုင်တဲ့လူက အာဏာကိုပိုင်တဲ့လူပါပဲ။ ရေအင်မတန်ရှားတဲ့ ကမ္ဘာဆိုတော့လည်း ဒီကမ္ဘာမှာ လက်ဖက်ရည်တို့ ဘာတို့ ဖျော်တဲ့ တီးမာစတာတွေက ပေါ့သေးသေးမဟုတ်ဘဲ အဆင့်တစ်ဆင့်တော့ရှိတဲ့လူတွေ အထက်တန်းစားတွေပေါ့။ မင်းသမီးက အဲဒီလို တီးမာစတာ။ တစ်နေ့ကျ သူ သူ့အဖေထားခဲ့တဲ့ အမွေပစ္စည်းတစ်ခုကနေ သူ့အဘိုးအဘေးတွေ လက်ထက်တုန်းက သိပ္ပံပညာရှင်တစ်စုက ရေကောင်းရေသန့်တွေရှိတဲ့နေရာတွေရှိသေးကြောင်း ပြောပြထားတာကို သိလိုက်ရတယ်။ သူတို့ကို အာဏာရှင်ရဲ့လက်ပါးစေတွေက ဖမ်းပြီးသတ်တော့မှာမို့ ဒီအချက်ကို အသံသွင်းပြီး လက်ဆင့်ကမ်းပေးခဲ့ကြတဲ့ သိပ္ပံပညာရှင်တွေရဲ့ အမှာစကားပေါ့။ မင်းသမီးဟာ ရေကောင်းရေသန့်တွေရှိတဲ့နေရာတကယ်ရှိကြောင်း သိလိုက်ရတဲ့အချိန် ဒီအချက်ကို လူတွေကို အသိပေးဖို့လုပ်တယ်။ သူတို့ဆီက ရေယူနေရမှ လူတွေကိုကောင်းကောင်းဖိနှိပ်နိုင်ပြီး အာဏာက သူတို့လက်ထဲရှိနေမှာဆိုတော့ အာဏာရှင်တွေက ဒီလိုအဖြစ်မခံနိုင်ဘူး။ မင်းသမီးနဲ့ အာဏာရှင်လက်ပါးစေတွေဟာ အနာဂတ်ကမ္ဘာကြီးရဲ့ အနာဂတ်အတွက် တစ်လမ်းစီ အပြိုင်သွားကြဖို့ဖြစ်လာတယ်။ ဘယ်သူနိုင်သွားမလဲကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ပါ။ စိတ်ကူးယဉ်သိပ္ပံကားတွေကြိုက်တဲ့လူတွေ အကြိုက်တွေ့ကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 820MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 41Min Genre – Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 1080p | 1.9GB | Download | |
| 720p | 820MB | Download | |
| 720p | 820MB | Download | |
| 720p | 820MB | Download | |
| 720p | 820MB | Download | |
| 720p | 820MB | Download | |
| 720p | 820MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.4 / 10
Director