
Historical film တွေကို ကြိုက်တတ်တဲ့သူတွေအတွက် Melchior trilogy ထဲက တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Melchior the Apothecary: The Executioner’s Daughter နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အက်စတိုနီယာနိုင်ငံ တာလင်းမြို့က ဆေးဆရာတစ်ယောက်က ရှုပ်ထွေးဆန်းကြယ်တဲ့ရာဇဝတ်မှုတွေကို လိုက်လံဖြေရှင်းတဲ့ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မယ်လ်ခီအောရဲ့ဇနီးဖြစ်သူ ကက်သလင်းဟာ တောစပ်မှာလူတစ်ယောက် ဓားပြတိုက်ခံရတာကို မြင်တွေ့ခဲ့တဲ့အတွက် အာဏာပိုင်တွေကိုအကြောင်းကြားပြီး တိုက်ခိုက်ခံရသူလူငယ်ကို သွားရောက်ကယ်တင်လာခဲ့ပါတယ်။ ဒါပေမဲ့ဒီလူငယ်က တိုက်ခိုက်ခံရမှုကြောင့် မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့ပြီး သူဘယ်သူဆိုတာနဲ့ တာလင်းကိုဘယ်လိုရောက်လာလဲဆိုတာကို မမှတ်မိတော့ပါဘူး။ တစ်ချိန်တည်းမှာပဲ တာလင်းမြို့ရဲ့ညဘက်တွေမှာ ထူးခြားတာတွေဖြစ်လာတာကို မယ်လ်ခီအောက သတိထားမိခဲ့ပါတယ်။ တစ်ဖက်မှာလည်း တာလင်းမြို့ကဆေးဆရာတစ်ယောက်ဟာ စုန်းတွေနဲ့ဆက်သွယ်ပြီး ဆန်းကြယ်တဲ့ရာဇဝတ်မှုတွေကို ဖြေရှင်းနေတယ်ဆိုတဲ့တိုင်ကြားချက်ကြောင့် ပုပ်ရဟန်းကြီးရဲ့သံတမန်အဖြစ် စုန်း၊ ဒိဋ္ဌိတွေကိုနှိမ်နင်းသူ ဘုန်းတော်ကြီးဖရက်ဒရစ်ခ်ဟာ တာလင်းမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အမှုက ရိုးရှင်းတယ်ထင်ရပေမဲ့ ထင်တာထက်ရှုပ်ထွေးနေခဲ့ပြီး လူတွေဆက်တိုက်သေဆုံးလာတဲ့အခါမှာတော့ မယ်လ်ခီအောအနေနဲ့ ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ IMDB rating 6.9 ထိရရှိထားပြီး တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…(1.5 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Crime, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia