
Slasherရုပ်ရှင်တွေမှာ Sawနဲ့ Wrong Turn franchiseတွေက iconic filmတွေ ဖြစ်သလို အရှေ့တိုင်းဘက်မှာဆို ဟောင်ကောင်ရုပ်ရှင်တွေရဲ့ ပြကွက်ကြမ်းကြမ်းနဲ့ အပြောကြမ်းကြမ်းတွေက slasher genre ကိုမှ ကြိုက်တဲ့သူတွေကြား ရေပန်းစားပါတယ်။ အရှေ့တိုင်း ရုပ်ရှင်တွေက လက်တွေ့ဘဝနဲ့ ပိုနီးစပ်တာကြောင့် ဖြစ်ရပ်မှန်လိုလို စိတ်ကူးယဉ်လိုလို မတင်မကျဖြစ်စေသလို ဆင်ဆာတွေလည်း ရှယ်ပလန်နဲ့ ထိခဲ့တာပါ။ အခုဇာတ်ကားကလည်း မူရင်းဖြစ်တဲ့ ထိုင်းနိုင်ငံအပြင် နိုင်ငံအများစုမှာ ပေါက်ရောက်ခဲ့သလို ရှယ်အဘန်းခံ၊ ရှယ်ဆင်ဆာဖြတ်ခံခဲ့ရတာကြောင့် originalနဲ့ uncut version ၂မျိုးဖြန့်ချီခဲ့ရတာပါ။ ဆင်ဆာဖြေလျှော့မှု စပေးခဲ့တယ်ဆိုတဲ့ ၂၀၀၉မှာ ပြခဲ့တာတောင် ရက်စက်ကြမ်းကြုတ်မှုနဲ့ သွေးသံရဲရဲပြကွက်တွေ များလွန်းတာကြောင့် ကြာချိန် ၁၀၂မိနစ်ထိရှိတဲ့ မူရင်းversionကို ၈၄မိနစ်ထိ ဖြတ်ချပြီး ပြသခဲ့ရပါတယ်။ တချို့သော ဇာတ်ဝင်ခန်းတွေကို စ ဆုံး ပြန်ရိုက်ကူးရတာတွေရှိသလို blur effect ထည့်ခဲ့ရတာတွေလည်း ရှိပါတယ်။ ၂၀၁၀ခုနှစ်မှာတော့ uncut versionကိုဖြန့်ချီခဲ့ပြီး Negative review များစွာရခဲ့သလို တောင်ကိုရီးယားနိုင်ငံမှာ၂ခါတိတိ banခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံတစ်ဝန်းလုံးက ခေါက်ဆွဲဆိုင်တွေရဲ့ ဆန္ဒပြခြင်းကို ခံခဲ့ရပြီး မူရင်းနာမည် Kuai-tiao Nuea Khon( လူသားခေါက်ဆွဲ)ဆိုတာကိုပါ ပြောင်းလဲလိုက်ရပါတယ်။ ဒီလိုနာမည်ဆိုးတွေရှိခဲ့ပေမယ့် ထိုင်းရုပ်ရှင် အစည်းအရုံး ဆုပေးပွဲမှာ Best Actressဆု Best Art Directionဆုနဲ့ Best Make-upဆုတွေမှာ ဆန်ကာတင်စာရင်း ဝင်ခဲ့ပါသေးတယ်။ ဇာတ်လမ်းကတော့ ငယ်စဉ်ကတည်းက ကြမ်းတမ်းခက်ထန်တဲ့ ဘဝကို ရင်ဆိုင်ခဲ့ရတဲ့ ဘွတ်ဆိုတဲ့ အမျိုးသမီးအကြောင်းပါ။ ခယောင်းလမ်းလို ခါးသီးလှတဲ့ဘဝကြီးကြောင့် စိတ်ဒဏ်ရာအပြည့်နဲ့ တခြားသူမမြင်ရတာ မြင်နေရ၊ တခြားသူမကြားရတာတွေ ကြားနေရသူပေါ့။ စိတ်ဒဏ်ရာက စိတ်ဒဏ်ရာ၊ စားဝတ်နေရေးက စားဝတ်နေရေးဖြစ်နေပြန်တော့ အမေ့ရဲ့ လက်ငုတ်လက်ရင်း ခေါက်ဆွဲရောင်းပြီး အသက်မွေးရပြန်ပါသေးတယ်။ ဒီလိုနဲ့ပဲ တစ်နေ့ ခေါက်ဆွဲလှည်းလေးတွန်းပြီး ဈေးရောင်းထွက်လာချိန် ကျောင်းသားအဓိကရုဏ်းနဲ့ တည့်တည့်တိုးပြီး ဆန္ဒပြသူတစ်ယောက်ရဲ့ လက်ကိုဆွဲ အဆွဲမခံရဖို့အရေး ပြေးရပါတော့တယ်။ သူပစ်ထားခဲ့တဲ့ ခေါက်ဆွဲလှည်းနားမှာလည်း ဖမ်းဆီးခံထားရသူတွေ၊သွေးထွက်သံယိုနဲ့ ကျောင်းသားတွေ၊အလောင်းတွေ ပလူပျံလို့ပေါ့။ ဘွတ်လည်း သူ့လှည်း ပြန်ယူပြီး အဆိုပါ အနိဌာရုံတွေကြားထဲက ဖြတ်ပြန်လာပါတော့တယ်။ အိမ်ရောက်ချိန် လှည်းထဲက သွေးစိမ့်ထွက်နေတာမြင်လို့ ကြည့်လိုက်မှ အထဲမှာ ကျောင်းသားအလောင်းတစ်ခု ရှိနေတာပါ။ နဂိုစိတ်ဝေဒနာရှင် ဘွတ်ဟာ ဒါကိုမြင်တော့ ကြံရာမရဖြစ်ရင်း အသားပေါ်ပြီး သူရောင်းတဲ့ ခေါက်ဆွဲပြုတ်ထဲ ထည့်ရောင်းလိုက်ပါတယ်။ သူရဲ့ အသားလုံးခေါက်ဆွဲဟာ နာမည်ကြီးလာခဲ့သလို ဆန္ဒပြတဲ့နေ့က သူ့လက်ကိုဆွဲပြေးခဲ့တဲ့ ကောင်လေးအပေါ် မေတ္တာရှိလာတဲ့ ဘွတ်အဖို့ ပန်းခင်းလမ်းကိုရောက်တော့မလို ခံစားရပြီးမှ မထင်ထားတဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။ သူအသားပေါ်ရောင်းလိုက်တဲ့ ကျောင်းသားလေးက သူမေတ္တာရှိနေသူရဲ့ သူငယ်ချင်းဖြစ်နေသလို သူ့ခေါက်ဆွဲဆိုင်လေးက အသားလုံးခေါက်ဆွဲကြောင့် နာမည်ရလာပြီးနောက် အသားလုံးလုပ်ဖို့ ကုန်ကြမ်းတွေလိုလာတဲ့အခါ... အသတ်အဖြတ် အခုတ်အထစ်ကတော့ တစ်ကားလုံး အလျှံပယ်ပါပဲ။ မင်းသမီးကြီး Mai Charoenpuraကလည်း ဆန်ကာတင်စာရင်းမှာ ထိုက်ထိုက်တန်တန်ပါခဲ့တယ်လို့ ပြောရလောက်အောင် သရုပ်ဆောင် စွမ်းရည်ကို ပြထားတာပါ။ ဘွတ်ရဲ့ စိတ်ဒဏ်ရာအကျိုးဆက်တွေကို ရိုက်ပြတဲ့နေရာမှာ FFP shotစတိုင် ဆက်တိုက်ရိုက်ကူးထားတဲ့ပုံစံက ဘွတ်ရဲ့စိတ်အခြေအနေကို အတော်ပေါ်လွင်စေသလို VHSအခွေပုံစံ Retroပြကွက်တွေကိုလည်း သဘောကျမိပါတယ်။ ကျွန်တော်တို့တွေ အရမ်းချစ်ရတဲ့ Baifern လည်း ပါပါသေးတယ်။ ဘယ်နေရာမှာလဲ ဆိုတာတော့ စလယ်ဆုံး မလွတ်တမ်းကြည့်ရင် မြင်တွေ့ရမှာပါ။ တစ်ခုတော့ရှိပါတယ် ညဘက်ခေါက်ဆွဲပြုတ်စားရင်း မကြည့်မိပါစေနဲ့။ အချက်အလက်များကို Wikipediaမှ ကိုးကားထားပါသည်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ် Genre..... Horror Quality…. 1080p | 720p | 480p File size… 2.1GB | 856MB | 321MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |