
#Mayalo (2023) အမုန်းမှသည်အချစ်ရှိရာသို့ IMDb -6.5/10 “ဘဝဆိုတာ ကံကြမ္မာဇာတ်ဆရာရဲ့လိုအင်အရ ကပြနေရတဲ့ဇာတ်ခုံတစ်ခုဆိုတဲ့အတိုင်းပဲ မထင်မှတ်ထားတဲ့ ထင်ယောင်ထင်မှား အယောင်ပြသက်သက်တွေနဲ့ ပြည့်နှက်နေတတ်ပါသတဲ့” Slap kissကြိုက်တဲ့ပရိသတ်ကြီးအတွက် slap-kissလောက်မကြမ်းပေမဲ့ တကျက်ကျက်ရန်ဖြစ်နေရင်းကနေ အချစ်တွေပေါက်ဖွားလာမယ့် argue-kissအချစ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ မြူးကြွတဲ့သီချင်းလေးတွေနဲ့ ဟာသတွေနဲ့ ခပ်မြူးမြူးဇာတ်လမ်းလေးဆိုတော့ မပျင်းရမှာတော့ အသေအချာပါပဲ။ မာယာ ဆင်ဒူနဲ့ ခရစ်ရှ်နာဆိုတာ တက္ကသိုလ်မှာ အတန်းတူတူတက်ခဲ့ကြတဲ့ အတန်းဖော် ၃ ယောက်ပေါ့။ ခရစ်ရှ်နာကတော့ တက္ကသိုလ်တစ်လျှောက်လုံးမှာ မာယာကိုသဘောကျနေပြီး ကျောင်းပြီးရင်စဉ်းစားပေးမယ်ဆိုတဲ့စကားတစ်ခွန်းကို အတည်ယူလို့ မာယာအတွက် အရာရာဖြည့်ဆည်းပေးခဲ့ပေမဲ့ ခြံထဲကကြက်လို့ပဲ ခရစ်ရှ်နာကို သဘောထားခဲ့တဲ့မာယာကတော့ ခရစ်ရှ်နာကိုစိတ်မဝင်စားခဲ့ပါဘူး။ မာယာနဲ့ဆက်နွယ်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းနေကြတဲ့ ဆင်ဒူနဲ့ခရစ်ရှ်နာဟာလည်း ကျောင်းတော်က ရန်စလေးတွေကြောင့် တွေ့လိုက်တိုင်း ၃ နဲ့ ၄ လို မျက်နှာချင်းမဆိုင်ကြဘဲ ကြောင်နဲ့ကြွက်လို တကျက်ကျက်ပေါ့။ တွေ့တာနဲ့ရန်ဖြစ် အငြင်းပွားပြီး တူးခါးနေအောင်မုန်းပါတယ်ဆိုတဲ့ ဒီနှစ်ယောက် မာယာရဲ့မင်္ဂလာပွဲအတွက် မင်္ဂလာကားကိုပို့ပေးရမယ်ဆိုတဲ့ အကြောင်းရင်းကြောင့် တစ်ကားတည်းအတူစီးလို့ တစ်ခရီးတည်းသွားဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့… မျက်နှာမြင်တာနဲ့ကို ရန်ဖြစ်ချင်နေတဲ့ဒီနှစ်ယောက် လမ်းခရီးတစ်လျှောက် ဘယ်လိုတွေခရီးဆက်ကြမလဲဆိုတာ အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ ToMo ~ KKKZ ~ Alex တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 720p | 829MB | Download | |
| 720p | 829MB | Download | |
| 720p | 829MB | Download | |
| 720p | 829MB | Download | |
| 720p | 829MB | Download | |
| 720p | 829MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.5 / 10
Director