
Matilda (1996) Child Novelတွေ ရေးသားထုတ်ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်တောင် Charlie and the Chocolate Factory, The BFG တို့ကိုတော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး ကလေးစာပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအနေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ် မတေးဒါက မွေးကင်းစကတည်းက မိဘကံမကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကားတွေ ဂျင်းထည့်ပြီးရောင်းတဲ့ လူလိမ်၊ အမေက အရပ်တကာပတ် ဘင်ဂိုပတ်ဆော့နေသူဖြစ်ပြီး ကိုယ့်ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများကတော့ ကလေးမွေးပြီး ဆေးရုံဆင်းလာတာ အိမ်ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကားနောက်ခန်းထဲမှာကျန်ခဲ့မှန်းတောင် သတိမရတဲ့ ဂန္တဝင်ဖေဖေ၊ ကောင်းကင်မေမေတွေပေါ့။ မိဘတို့ပြုအပ်တဲ့ ဝတ္တရားကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ကျောင်းတက်ချင်တာတောင် ကျောင်းမအပ်ပေးကြသူတွေပေါ့။ မိဘတွေရဲ့ကောင်းသတင်းက ပြောမဆုံးအောင်ရှိပေမယ့် မတေးဒါလေးက ခေသူမဟုတ်ပါ၊ အသက်၂နှစ်ကတည်းက ဘယ်သူမှမသင်ဘဲ စာရေးတတ် ဖတ်တတ်နေသလို အသက်၄နှစ်မှာ မိဘတွေမသိအောင် စာကြည့်တိုက်ကို ခိုးသွားပြီး ကလေးစာအုပ်တွေသာမက သုတရသစာအုပ်တွေပါ ထုံးလိုမွှေ ရေလိုနှောက် ဖတ်နိုင်တဲ့ တောက်မည့်မီးခဲ တရဲရဲလေးပေါ့ ။ ဉာဏ်ကြီးရှင် ဖြစ်သလို ဟာသဉာဏ်ကလည်း ရွှင်လေတော့ သူ့ကိုစိတ်ဒုက္ခမျိုးစုံပေးတဲ့ မိဘတွေကိုပါ မထင်ရင် မထင်သလို trollတတ်ပါသေးတယ်။ ဒီလိုပါရမီရှင်လေးကို ထိန်းမနိုင်တဲ့အဆုံး ကျေးဇူးရှင်ဖေဖေနဲ့ မေမေခမျာ မတေးဒါကို ငါ့လက်ကလွတ် ကျွတ်ဆိုပြီး ကျောင်းထားပေးလိုက်ပါတယ်။ မွေးလာကတည်းက ဆရာကြီးတွေနဲ့တွေ့လာတဲ့ မတေးဒါဟာ ကျောင်းမှပဲ ဆရာ့ဆရာကြီးနဲ့ သွားတွေ့ပါတော့တယ်။ အပေါက်ကဆိုး အပြောကကြမ်း လက်သံကပြောင်၊ အိုလံပစ် သံလုံးပစ် လှံတံပစ် ပြိုင်ပွဲဝင်ဟောင်းဖြစ်တဲ့ ကျောင်းအုပ်ကြီး မစ်ထရန့်ချ်ဘူးက မတေးဒါလေးကို ဆီးကြိုနေတာပါ။ ကျောင်းအုပ်ကြီးလက်အောက်မှာပဲ မစ်ဟန်နီဆိုတဲ့ သဘောမနောကောင်း စိတ်သဘောထားဖြူစင်တဲ့ ဆရာမလေးတစ်ယောက်လည်း ရှိနေပါတယ်။ မတေးဒါက ဆရာမလေးကို ခင်တွယ်သလို ဆရာမကလည်း မတေးဒါကို အရမ်းချစ်ပါတယ်။ ဒါပေမဲ့ဆရာမလေးမှာ ကျောင်းအုပ်မစ်ထရန့်ချ်ဘူးနဲ့ ဆိုးရွားတဲ့ အတိတ်ဇာတ်ကြောင်းတွေ ရှိနေတာကြောင့် မတေးဒါလေးဟာ သူချစ်တဲ့ဆရာမလေးကို ကူညီဖို့ ကျောင်းအုပ်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Family, Fantasy Quality…. 1080p | 720p | 480p File size… 1.7GB | 893MB | 280MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JimX Encoder ….. August
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download | ||
| 1080P | 1.7GB | Download | |
| 1080P | 1.7GB | Download | |
| 1080P | 1.7GB | Download | |
| 1080P | 1.7GB | Download | |
| 720P | 893MB | Download | |
| 720P | 893MB | Download | |
| 720P | 893MB | Download | |
| 720P | 893MB | Download | |
| 480P | 280MB | Download | |
| 480P | 280MB | Download | |
| 480P | 280MB | Download | |
| 480P | 280MB | Download | |
| 480P | 280MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.9 / 10
Director