
ဒီတစ်ခေါက်မှာတော့ပြောင်မြောက်တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Varalaxmi Sarathkumar, Santhosh Prathap, Mahat Raghavendra and Subramaniam Siva တို့ပါဝင်သရုပ်ဆောင်ထားတဲ့ တမီးလ်ကားကောင်းလေးMaruthi Nagar Police Station ကိုတင်ဆက်လိုက်ပါတယ် ငယ်စဥ်ကတည်းကခင်မင်လာကြတဲ့ သူငယ်ချင်းငါးယောက်ဟာ ကြီးပြင်းလာသည်တိုင်အောင်အလုပ်အကိုင်တွေမတူသော်ငြားလည်း အဆက်အသွယ်မပြတ်ကာခင်မင်နေကြတဲ့ ရေစက်လေးဖြစ်ပါတယ် တစ်နေ့မှာတော့ဂျေးတစ်ယောက် အလုပ်ကနေအိမ်ပြန်လမ်းမှာ မတရားမှုတစ်ခုကိုမတော်တဆမျက်မြင်တွေ့လိုက်ရပြီး ရဲကိုအမြန်သတင်းသွားပို့သော်လည်း ရဲကပါတရားခံတွေနဲ့ အလိုတူအလိုပါဖြစ်နေတဲ့အခါ ဂျေးတစ်ယောက်ချောင်ပိတ်မိပါတော့တယ် အဲ့နေ့ကတည်းကစပြီး ဂျေးဟာလည်းပျောက်ခြင်းမလှ ပျောက်ဆုံးသွားရတဲ့အတွက် ကျန်တဲ့သူငယ်ချင်းလေးယောက်ကလည်း ဂျေးနောက်ဆုံးပို့ခဲ့တဲ့ ဝိုးတိုးဝါးတားအသံဖိုင်ကိုအစပြုပြီး သူငယ်ချင်းရှာပုံတော်ဖွင့်ကြပါတော့တယ် ဒီလိုနဲ့သူတို့လေးယောက်တကယ်ပဲ ဂျေးကိုရှာတွေ့ပါ့မလား အကောင်ကြီးတွေနဲ့ပတ်သက်နေတဲ့ မတရားမှုကိုရောအဖြေရှာနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းတစ်လျှောက်လှည့်ကွက်ပေါင်းများစွာနဲ့ ရင်ခုန်စွာကြည့်ရှု့ရမှာပါ စစ်မှန်တဲ့သူငယ်ချင်းဆက်ဆံရေးတိုင်းမှာ ချစ်ခြင်းမေတ္တာတွေ အနှောင်အဖွဲ့တွေ ပေးဆပ်မှုတွေအများကြီးပါဝင်နေတယ်ဆိုတာကို နားလည်သွားမယ့်တမီးလ်ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် ဒီကားလေးထဲမှာ စိတ်လှုပ်ရှားဖွယ်ရင်ခုန်စရာအလှည့်အပြောင်းတွေကိုတင်မကပဲ သူငယ်ချင်းဆိုတဲ့လှပတဲ့ရေစက်လေးကိုပါ ကြည်နူးစွာမြင်တွေ့ရမှာမို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ် File size…1.51GB / 700MB Quality…1080p WEB DL / 720p Format…mp4 Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by KhinKhin~BpL~Yunni
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 720p | 700 MB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 700 MB | Download |