
နှစ် ၂၀ ပြည့်လာလည်း အူကြောင်ကြောင်နဲ့အရမ်းရယ်ရဆဲ ဇာတ်လမ်းတစ်ခုကို တင်ပေးလိုက်ပါတယ်။ ဖွံဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကဆိုရင် အခွင့်ရတိုင်း ဂြိုလ်သားတွေနဲ့တွေ့ဆုံဖို့ကြိုးပမ်းတတ်ကြတဲ့လုပ်ရပ်မျိုးတွေကို 20ရာစုကတည်းကအကောင်အထည်ဖော်လျက်ရှိနေခဲ့ပါတယ်...။ ဒီအတွက်ကြောင့်ပဲ အမေရိကန်သမ္မတနဲ့ သမ္မတကြီးရဲ့အမှုထမ်းတွေက အင်္ဂါဂြိုလ်သားတွေဆီကနေ အကြိမ်ကြိမ် ဂျင်းထည့်ခံရတဲ့အကြောင်းလေးကို Ironicဆန်ဆန် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်...။ ဒီဇာတ်ကားမှာတော့ ကမ္ဘာမြေပေါ်ကို ရောက်လာကြတဲ့ အင်္ဂါဂြိုလ်သားတွေကို အထင်ကြီးစိတ်နဲ့ အကောင်းမြင်စိတ်များနေတဲ့အပေါ်မှာ US သမ္မတကြီးတို့တတွေက ဂြိုလ်သားတွေရဲ့ ကမ္ဘာမြေပေါ်ခြေဆန့်လာတဲ့ရည်ရွယ်ချက်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ပဲလို့ ထင်နေခဲ့ပါတယ်...။ ဒါပေမဲ့ ဂြိုလ်သားတွေရဲ့ ကမ်းလှမ်းမှုက ဂျင်းဖြစ်နေကြောင်း သိခဲ့ရတယ်။ အဲဒီအချိန်မှာတော့ အရာရာဟာ ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ပါပြီ။ Legendary Wizard of Weirdလို့ နာမည်ကြီးတဲ့ ဒါရိုက်တာTim Burton ရိုက်ကူးထားပါတယ်။ File size…(1.88GB) / (`1021B) / (521MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre... Drama / Crime / Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra Zaw