
Mariam 2022 ( ငွေ ) ငွေသာလျှင်ဘုရားတစ်ဆူလိုဖြစ်နေတဲ့ခေတ် မျက်နှာကြီးရာဟင်းဖတ်ပါဆိုသလို ငွေမရှိရင်စာမေးပွဲတောင်ဖြေလို့မရတော့တဲ့ ကိုဗစ်ကာလကြီးတစ်ခုမှာပေါ့ အိမ်ငှားခကို၄လစာအကြွေးတင်နေပြီးတော့ဖုန်းရှိမှကလေးတွေက အွန်လိုင်းစာမေးပွဲဖြေလို့ရမယ်ဆိုလို့ အိမ်ငှားခကအရေးကြီးလား ဖုန်းကအရေးကြီးလားဆိုတာခေါင်းချင်းဆိုင်ဆွေးနွေးရတဲ့မိဘ၂ပါး အဆင်မပြေလွန်းလို့ အငှားကိုယ်ဝန်ဆောင်အလုပ်ပါလုပ်ခဲ့ရပြီး ဗိုက်တစ်လုံးနဲ့ တစ်အိမ်တက်တစ်အိမ်ဆင်းသန့်ရှင်းရေးလုပ်ရတဲ့မာရီရမ့်ဘဝကပျော်စရာတော့မကောင်းခဲ့ ဒီကြားထဲကံဆိုးမသွားရာမိုးလိုက်လို့ရွာဆိုသလိုပဲ မွေးခါနီးနောက်ဆုံးအပတ်မှာမှ အငှားကိုယ်ဝန်ဆောင်ခိုင်းတဲ့လူက အဆက်အသွယ်မရဘဲ ပျောက်ဆုံးသွားလေတော့ .. လောကဓံတရားရဲ့ ရက်စက်လွန်းလှတဲ့ရိုက်ချက်တွေကြား သူတို့ဘယ်လိုတွေရုန်းကန်ကြမလဲ သားသမီးအတွက်ဆိုအရာရာဖြည့်ဆည်းပေးချင်တဲ့မိဘတွေရဲ့စိတ်ဆန္ဒတွေကို ရှုစားလိုက်ကြပါဦး ( အညွှန်းကိုတော့ Yunni မှ ရေးသားပေးထားပြီးတော့ ဘာသာပြန်တွေကတော့ Yunni ~ BpL တို့ပဲဖြစ်ပါတယ် ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)