
March comes in like a lion (2020) ရေး ခီရိရာမဟာ အသက်၁၇ရှိတဲ့ အထက်တန်းကျောင်းသားလေး ဖြစ်ပြီးတော့ professional shogiကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်တည်းက သူ့မိဘတွေနဲ့ သူ့ညီမလေးဟာ ကားမတော်တဆမှုတစ်ခုမှာ ဆုံးပါးသွားတဲ့အတွက် အဖေ့မိတ်ဆွေဆီမှာ သွားရောက်နေထိုင်ခဲ့ရပါတယ်။ အဖေ့မိတ်ဆွေဖြစ်တဲ့ မွေးစားက shogiပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူဟာ သူဝါသနာမပါတဲ့ shogiကို သဘောကျချင်ယောင်ဆောင်ပြီးတော့ လိုက်လျောညီထွေဖြစ်အောင် နေခဲ့ရပါတယ်။ ဒါပေမဲ့ shogiကို အကောင်းဆုံးကြိုးစားခဲ့လို့ ငယ်ငယ်လေးနဲ့ ထူးချွန်တဲ့ပညာရှင် ဖြစ်ခဲ့ပါတယ်။ ဒီလိုထူးချွန်တာကြောင့်ပဲ မွေးစားအဖေက “ရေး”ကို မနိုင်နိုင်လို့ shogiဆက်မကစားဖို့ တားခဲ့ပါတယ်။ သူဟာ မိသားစုအတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့ထင်သွားတာကြောင့် အဲဒီအိမ်ကထွက်လာပြီး တစ်ယောက်တည်းနေခဲ့ပါတယ်။ ဒီလိုနဲ့ shogiပြိုင်ပွဲတစ်ခုမှာ သူ့မွေးစားအဖေကို ပြိုင်ဖက်အနေနဲ့ပြန်ဆုံပြီး အနိုင်ယူမိတဲ့အခါမှာ သူ့ရဲ့အပြစ်မကင်းစိတ်က ပြန်ပေါ်လာပြီး အရက်သောက်ခဲ့ပါတယ်။ မူးနေရင်းနဲ့ စဉ်းစားလွန်ပြီး စိတ်ပူပန်မှုလွန်ကဲကာ လဲကျသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ အကရီလို့ခေါ်တဲ့ စိတ်ထားကောင်းတဲ့အစ်မတစ်ယောက်က ခေါ်ပြီး စောင့်ရှောက်ပေးခဲ့ပါတယ်။ ငယ်စဉ်တည်းက မိသားစုမရှိခဲ့တဲ့”ရေး”က အကရီတို့မိသားစုလေးရဲ့ နွေးထွေးမှုတွေကို ရရှိပြီးတော့ သူတို့မိသားစုဝင်လိုဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် ပြိုင်ပွဲမှာ မွေးစားမိသားစုရဲ့ သားမက်ဖြစ်သူနဲ့ ယှဉ်ပြိုင်ရဖို့ထပ်မံဖြစ်လာတဲ့အခါ… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:44:00 Type__Drama, Sport Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt