
Maranamass (2025) ငှက်ပျောသီးပဟေဠိ IMDb 7.7/10 အက်ရှင်အကြမ်းအရမ်း ပရိသတ်တို့အတွက် ဟာသလေး ရောနှော ပါဝင်တဲ့ မလေယာလမ်စကားပြော ဒရမ်မာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် မြို့တစ်မြို့မှာ ကွင်းဆက်လူသတ်မှုတွေ ကြုံတွေ့နေရပါတယ် ဒီလူသတ်မှုတွေမှာ တူညီတဲ့ ထူးခြားမှုလေးတွေရှိနေလေရဲ့ အဲဒါကတော့ အသတ်ခံရသူတွေဟာ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ ယောက်ျားကြီးတွေဖြစ်နေတာရယ် နောက်တစ်ချက်ကတော့ လူသတ်သမားက အသတ်ခံရသူရဲ့ပါးစပ်ထဲ ငှက်ပျောသီးထည့်ခဲ့တာပါ ရဲတွေအနေနဲ့လည်း သံသယရှိသူတွေကို ဖမ်းဆီးလိုက် မေးမြန်းလိုက် လုပ်နေပေမဲ့ လူမှားဖမ်းမိနေဆဲဖြစ်ပြီး အမှုကိုအစရှာမရ ဖြစ်နေတုန်းပါပဲ သတင်းမီဒီယာတွေအနေနဲ့လည်း ဒီအမှုကိုပဲ အလေးပေးဖော်ပြလို့ ဟိုးလေးတကျော်ကျော် ဖြစ်နေပါပြီ ဒီအမှုကို တာဝန်ယူထားရတဲ့ ရဲအရာရှိဆိုရင် စိတ်ပညာရှင်ဆီသွားလို့ ကွင်းဆက်လူသတ်သမားရဲ့ စိတ်နေစိတ်ထားကို လေ့လာရတဲ့အထိပါပဲ ဒီအချိန်မှာ မထင်မှတ်တဲ့ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာပါတယ် နောက်ထပ်အမှုမှာ လူသတ်သမား ပစ်မှတ်ထားသူက အဘိုးကြီးတစ်ယောက် မဟုတ်နေဘဲ မိန်းကလေးတစ်ယောက်ဖြစ်နေတာပါ အဲဒီမိန်းကလေးနဲ့အတူ ညဘက်သွားဘက်စ်ကားပေါ်မှာ သူ့ချစ်သူရယ် အခြားသူတွေရယ်လည်း ပါနေပါတယ် အဲဒီတော့ ကွင်းဆက်လူသတ်သမားကို ရဲတွေကဘယ်လိုဖမ်းဆီးမိမလဲ၊ သူသတ်နေရတဲ့ အကြောင်းရင်းနောက်ကွယ်က ဘာဖြစ်မလဲ၊ ပစ်မှတ်ပြောင်းသွားရတာကရော ဘာကြောင့်လဲ၊ ဒါတွေကိုသိရအောင် ဇာတ်လမ်းလေးကို ကြည့်ရှူခံစားရင်း အဖြေထုတ်ကြည့်ကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |