
Manamey 2024 (မိသားစု) ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ဟာသမင်းသားကြီး Vennela Kishore ပါဝင်ထားတဲ့ ကလေးလေးတစ်ယောက်နဲ့တိုင်ပတ်ကြမဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘဝကို ပျော်ပျော်နေတတ်တဲ့ ပါတီဘွိုင်းလေး ဗစ်ကရမ့်မှာ အချစ်ဆုံးသူငယ်ချင်း အာနူရန်ဆိုသူရှိပါတယ်။ အချစ်ရဆုံးသူငယ်ချင်းတွေဆိုပေမဲ့လည်း ဗစ်ကရမ်ကတော့ ပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးပဲ နေတတ်သူတစ်ယောက်ပါ၊ အာနူရန်ကတော့ ချစ်ရသူရှိပြီး ချစ်ရသူနဲ့အတူတူ ဘဝကို ဖြတ်သန်းချင်တဲ့သူပေါ့။ သူတို့နှစ်ယောက်ဟာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေကြရင်း ကံကြမ္မာဆိုးကြီးတစ်ခုက ရောက်လို့လာခဲ့ပါတယ်။ အဲဒီကံကြမ္မာဆိုးကြီးကတော့ အာနူရန်နဲ့ သူ့ဇနီးသည်ဟာ အက်စီးဒန့်ဖြစ်ပြီးတော့ ဆုံးပါးသွားရတာပါပဲ။ အာနူရန်တို့ ဆုံးပါးသွားခဲ့ပေမဲ့ အာနူရန်ရဲ့ကလေးလေး ခူရှီကတော့ သေကံမရောက်တဲ့အတွက် အသက်ရှင်ကျန်ရစ်နေခဲ့ပါတော့တယ်။ ဒီအခါမှာ ခူရှီလေးအတွက် ထည့်သွင်းစဉ်းစားလာရပါတော့တယ်။ ခူရှီလေးကို အာနူရန်ရဲ့ဇနီးသည်ဖြစ်သူရဲ့သူငယ်ချင်းဖြစ်သူ စမီသာဟာ မွေးစားခွင့်တောင်းခံခဲ့ပေမဲ့ စည်းမျဉ်းဥပဒေတွေအရ မွေးစားမဲ့သူဟာ အိမ်ထောင်သည်ဖြစ်မှ မွေးစားလို့ရမယ်ဆိုတဲ့အတွက် အခက်ကြုံရပါတော့တယ်။စမီသာဟာလည်း စေ့စပ်ထားပေမဲ့ လက်မထပ်ရသေးတဲ့အတွက် ခူရှီလေးကို မွေးစားဖို့အတွက် စမီသာနဲ့အတူ ဗစ်ကရမ်ပါ ၆လကြာအောင် ကလေးကို ပျိုးထောင်ပေးတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချပေးဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ပါတီဘွိုင်းလေး ဗစ်ကရမ်နဲ့ စေ့စပ်ထားပြီးသား စမီသာတို့နှစ်ယောက် ခူရှီလေးကို ဘယ်လိုပုံစံနဲ့ တစ်အိမ်တည်းအတူနေပြီး ပျိုးထောင်သွားကြမလဲ ……. နောက်ဆုံးအဆုံးဖြတ်အနေနဲ့ရော ဘယ်လိုတွေဖြစ်သွားမလဲ …….. ဆိုတာကို ဟာသလေးတွေနှောပြီးကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p HEVC | 3.3 GB | Download | |
| 1080p HEVC | 3.3 GB | Download | |
| 1080p HEVC | 3.3 GB | Download | |
| 1080p HEVC | 3.3 GB | Download | |
| 720p | 1.6 GB | Download | |
| 720p | 1.6 GB | Download | |
| 720p | 1.6 GB | Download | |
| 720p | 1.6 GB | Download | |
| 720p | 1.6 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.1 / 10
Director