
Horror ရုပ်ရှင်ကား ကြိုက်နှစ်သက်သူ ပရိတ်သတ်ကြီးအတွက် အင်ဒိုနီးရှား သရဲကားလေး တစ်ကားဖြစ်တဲ့ Makmum ဆိုတဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါရစေ ။ ဒီကားလေးဟာဆိုရင် ၂၀၁၉ မှာတစ်ကား ၂၀၂၁မှာ တစ်ကား ထွက်ရှိထားတာဖြစ်ပြီး ၂၀၁၉ထွက် ကားလေးရဲ့ ဇာတ်အိမ်လေးကတော့ စီတရာ မိန်းကလေး ကျောင်းအိပ်ကျောင်းစားကျောင်းက အဆောင်နေ ကျောင်းသူမလေး သုံးဦးရဲ့ ခြောက်လှန့်ခံရမှုကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ် Makmum (နောက်ကလိုက်သူ ) လို့အမည်ရတဲ့ သရဲဟာ စီတရာရဲ့ အဆောင်နေ ကျောင်းသူမလေးတစ်ယောက်ဖြစ်တဲ့ပူတရီကို ဝတ်ပြုချိန်တိုင်း ပူးကပ်ခြောက်လှန့်တတ်ပါတယ်။ ဒီကျောင်းရဲ့ ကျောင်းအုပ်ကြီးဟောင်း ဖြစ်တဲ့ဆရာမကြီး ကီနန်တီဟာ ဒီအကြောင်းတွေကို သိနေတဲ့အတွက် ကျောင်းသူဟောင်း ရင်နီကို ခေါ်ယူခဲ့ပါတယ် ရင်နီဟာ လက်ရှိမှာလူသေတွေကို ပြင်ဆင်ပေးတဲ့ အလုပ်ကို လုပ်ကိုင်နေပြီး ပရလောကသားတွေနဲ့ မကြာခဏကြုံတွေ့ရတတ်တဲ့သူပါ အဲဒီလိုနဲ့ ရင်နီတစ်ယောက် ငယ်ငယ်က တက်ခဲ့တဲ့ ကျောင်းကို ပြန်ရောက်လာတဲ့အချိန် ဘယ်လို အဖြစ်မျိုးတွေ ခြောက်လှန့်မှုမျိုးတွေနဲ့ကြုံရမလဲ သရဲ ပူးကပ်ခြင်းခံနေရတဲ့ ကျောင်းသူလေးတွေကို သူဘယ်လိုကယ်တင်သွားမလဲ သူမသိထားခဲ့တဲ့ ကျောင်းတော်ကြီးရဲ့ အမှန်တရားတွေ ဘယ်လိုပေါ်ထွက်လာမလဲဆိုတာကို horror ကားတို့ရဲ့ ထုံးစံအတိုင်း ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ကားကောင်းလေးတစ်ကားပါ File size…971MB / 435MB Quality…1080p NF WEBDL AAC5.1CH / 720p Format…mp4 Duration….1h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe